သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရန် ဒီဇယ်ဆီနဲ့ ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဧပြီလ တစ်လလုံး ကင်းလွတ်ခွင့်ပြုမည်

ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရန် ဒီဇယ်ဆီနဲ့ ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဧပြီလ တစ်လလုံး ကင်းလွတ်ခွင့်ပြုမည်

Hsan Loi Editor
02/04/2026
Share:
ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်လျော့ကျစေရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျနိုင်စေရေးအတွက် ဒီဇယ်ဆီနဲ့ ဓာတ်မြေဩဇာ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဒီကနေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ အများဆုံး အဓိက အသုံးပြုနေရတဲ့ ဒီဇယ်ဆီ HSD(500 ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ဧပြီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသ ပဋိက္ခတွေကြောင့် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေချိန်မှာ ပြည်တွင်းရှိ စက်သုံးဆီစျေးနှုန်းတွေလည်း တဖြည်းဖြည်း မြင့်တက်လာတာကြောင့် ဒီဇယ်ဆီ အသုံးပြု မောင်းနှင်ရတဲ့ မော်တော်ယာဥ်တွေနဲ့ သယ်ဆောင်အသုံးပြုလျက်ရှိတဲ့ အခြေခံ စားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းတွေ ထိန်းညှိပေးဖို့ အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံတဲ့ ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)ကိုလည်း ဧပြီလ တစ်လလုံး ကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီကင်းလွတ်ခွင့်ကို သတ်မှတ်ထားတဲ့ ကာလအတွင်း အကောက်ခွန်ဦးစီးဌာနမှာ Import Declaration (ID) ဖွင့်လှစ်ပြီး တင်သွင်းတဲ့ ဓါတ်မြေသြဇာနဲ့ ဒီဇယ်ဆီ HSD (500 ppm)များ အတွက်သာ အကျုံးဝင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စက်သုံးဆီ(ဒီဇယ်ဆီ)နဲ့ ဓာတ်မြေဩဇာတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဟာ ရေတိုကာလအတွင်း ကုန်စည်စီးဆင်းမှုစရိတ်နဲ့ စိုက်ပျိုးရေးစရိတ်တွေကို အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်မှာ ဖြစ်ပေမဲ့လည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်း ဆက်လက်မြင့်တက်နေမှုနဲ့ ပြည်တွင်းငွေလဲနှုန်း အခြေအနေတွေ အပေါ်မူတည်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ် သက်ရောက်မှုက ကွာခြားနိုင်တယ်လို့ စီးပွားရေးကုန်သည်အချို့က ပြောပါတယ်။