သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကိုးကန့် MNDAAအဖွဲ့မှ တစ်လကြာ ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ်က အသက်(၁၅)နှစ်အရွယ်ရှိ နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်လာ

ကိုးကန့် MNDAAအဖွဲ့မှ တစ်လကြာ ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ်က အသက်(၁၅)နှစ်အရွယ်ရှိ နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်လာ

Hsan Loi Editor
08/03/2025
Share:

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကိုးကန့် MNDAA တပ်ဖွဲ့မှ တစ်လကြာ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မိုင်းယော်တိုက်နယ်မှ အသက် ၁၅ နှစ် အရွယ် နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်လာတယ်လို့ သိရပါတယ်။

 

ယနေ့ မတ်လ ၇ ရက် ညနေပိုင်းအချိန်မှာ နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး လက်ရှိတွင် ၎င်းမိသားစုနဲ့ အတူရှိနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်အတွင်း လုံမွန်းကျေးရွာရှိ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ ကိုးကန့် MNDAA မှ တပ်သားနှစ်ဦးသည် အမျိုးသမီးတစ်ဦးအား အပြိုင်ကြိုက်ရာမှ အချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး တပ်သားတစ်ဦး သေဆုံးသွားတဲ့အတွက် နန်းယိင်းဟွမ်နဲ့ ဆက်စပ်သည်ဟုဆိုကာ ၎င်းအမျိုးသမီးအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်ဖို့အတွက် မတ်လ ၁ ရက်နေ့က သျှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့များ၊ ကုလသမဂ္ဂဌာ‌နေကိုယ်စားလှယ်၊ တရုတ်သံရုံးနဲ့ ထိုင်းသံရုံးများထံ အိတ်ဖွင့်ပေးစာများ ရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။

 

နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဝန်းရံပေးကြတဲ့ အဖွဲ့အစည်းတိုင်းအား ကျေးဇူးတင်ပါတယ်လို့ မိသားစုဝင်က ပြောဆိုကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။