ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ တရားဝင်အပစ်ရပ်စဲပြီလို့ သတင်းထွက်ပေါ်လာပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွှဲလို့ “ ဝ” ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်း ခွင့်ပြုရန် တရုတ်အကြောင်းကြားစာနဲ့ စတင်ခွင့်ပြု ဝဒေသကလာတဲ့ သတင်းအရ သိရပါတယ်။
ကိုးကန့်ဒေသနဲ့ “ ဝ” ဒေသက ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားပေါ်မှ မော်တော် ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားကြောင်း ဝ လူငယ့်အသံက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားလိုက်တာကြောင့် သျှမ်းမြောက်က ဒေသခံတွေ အခက်ကြုံနေရတာဖြစ်ပြီး ယခုချိန်မှာတော့ တရုတ်နယ်စပ်ဂိတ် ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ ဝ” – တရုတ်နယ်စပ်က နမ့်တစ်(မန်ခါး) ဂိတ်တို့ကို ယမန်နေ့က ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။