သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ စစ်ကောင်စီ က တစ်ရက်ထဲ ဗုံး(၅)လုံး ကြဲကျတိုက်ခိုက်ပြီး အရပ် သား တစ်ဦးသေဆုံးကာ စက်ရုံအချို့ထိခိုက်ပျက်စီး

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ စစ်ကောင်စီ က တစ်ရက်ထဲ ဗုံး(၅)လုံး ကြဲကျတိုက်ခိုက်ပြီး အရပ် သား တစ်ဦးသေဆုံးကာ စက်ရုံအချို့ထိခိုက်ပျက်စီး

Hsan Loi Editor
26/10/2024
Share:

 

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့် တစ်ရက်ထဲ ဗုံး(၅)လုံးကြဲချ တိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံးပြီး စက်ရုံအချို့ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

လားရှိုးမြို့ရှိ မယ်ဟန်ကျေးရွာဘက်မှာ ဗုံးကျဲတိုက် ခိုက်တာဖြစ်ပြီး ရွှေမြင်းနှစ်ကောင်စက်ရုံရှိ အဆောက် အဦးများ ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

ထို့အပြင် စစ်ကောင်စီက ညပိုင်းအချိန်မှာ လားရှိုးမြို့နှင့် သိန္နီမြို့တို့ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဆက်သွယ်ရေးလိုင်း အခက် အခဲကြောင့် လူထိခိုက်သေဆုံးမှု ရှိမရှိနှင့် ထိခိုက်ပျက်စီးမှု အသေးစိတ်မသိရသေးပါ။

 

မယ်ဟန်ကျေးရွာမှာ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ရှိခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လက ကိုးကန့်တပ် က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ(၂၃)ရက်က မယ်ဟန်ကျေးရွာအနီးရှိ ဆန်အရက်စက်ရုံနှင့် လားရှိုးမြို့ အမှတ် (၁) ရဲစခန်းသို့ ဗုံးကြဲတိုက်ခိုက်ပြီး လူသေဆုံးမှုရှိကာ စက်ရုံများလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။

 

စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုး စစ်ဘေးရှောင်ပြည်သူများအနေနဲ့လည်း မိမိတို့နေရပ်များ မပြန်နိုင်သေးကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက ကိုးကန့်တပ် MNDAA နှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်း တို့ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြောင်း စုံးစမ်းသိရှိရပေမယ့် MNDAA ဘက်က ၎င်းတို့တွေ့ဆုံမှု အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိကြောင်း သတင်းရရှိသည်။