သျှမ်းပြည်မြောက်ပိုင်း မှာကိုးကန့်တပ်မတော် (MNDAA)က ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ် ဝမ်စယ်ဒေသခံ ၅ ဦးကိုပြန် လွှတ်ပေးဖို့ သျှမ်းလူမှုအဖွဲ့အစည်း ၁၁ ခုက ဖေဖော်ဝါရီ (၁၄) ရက်မှာ ထပ်မံထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်က ရှမ်းပြည်မြောက်ပိုင်း လားရိူးမြိုနယ် နမ့်ပေါင်ကျေးရွာအုပ်စုဝမ်စယ်ကျေး ရွာက ရှမ်းဒေသခံ ၃၆ဦးကို(MNDAA) က ဆန္ဒပြလို့ဆိုပြီးဖမ်းဆီးခဲ့ရာ ၃၁ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်နေတဲ့ ၅ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သျှမ်း လူမှုအဖွဲ့ အစည်းတွေက တောင်းဆိုထားတာပါ။
MNDAAနဲ့ တရုတ်လုပ်ငန်းရှင်တွေက ရွှေတူးဖိုလုပ် ဆောင်နေတာကို ဆန္ဒပြလိုဆိုပြီး ဝမ်စယ်ဒေသ ခံ ၃၆ဦးကို MNDAA က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မူလက အဖမ်းခံရတဲ့ ဒေသခံ ၉ဦး ကျန်နေတာဖြစ်ပြီး အခု ၅ဦးသာ ကျန်နေတာဖြစ်တယ်လို့သိရပါတယ်။
MNDAAဆက်လက်ဖမ်းဆီးထားတဲ့ဒေသခံ ၅ဦးရဲ့ အသက်အန္တရာယ် နဲ့ ကျန်းမာရေးအား အလွန်စိုးရိမ်မိပြီး နိုင်ငံရေး၊ စစ်ရေးမတည်ငြိမ်သည့် ကာလတွင် လုံခြုံရေးလိုအပ်ချက်အရ အရပ်သား ပြည်သူများအား ခေါ်ယူမေးမြန်းနိုင်သည်ဟု ဆိုသော်လည်း အရပ်သားပြည်သူလူထုက မိမိတို့ဒေသ အကျိုးစီးပွါးအလို့ငှါ ဆန္ဒဖော်ထုတ်ကြသည်ကိုမူ နှောင့်ယှက်ဟန့်တားရုံမက မတရားအဓမ္မ ရိုက်နှက် ဖမ်းဆီးချုပ်နှောင်ခြင်းကို လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်း သျှမ်းလူမှု အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
” သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာကို အမှန်တ ကယ်ပိုင်စိုးတာဟာသျှမ်းပြည်သားများ ကိုယ် တိုင်ဖြစ်တာကို သတိပြုဖို့ ” လည်း ထုတ်ပြန်ပါတယ်။
သျှမ်းပြည်သားချင်းငြိမ်းချမ်းစွာအတူယှဉ်တွဲ နေ ထိုင် နိုင်ရေးကို အရှည်သဖြင့် မျှော်တွေး ပြီး ဖမ်း ဆီးချုပ်နှောင်ထားဆဲဖြစ်သော ဝမ်စယ်အရပ်သားပြည်သူ (၅)ဦးအား ချွင်းချက်မရှိ ယခုချက်ချင်းပြန် လွှတ်ပေးဖို့ လေးနက်စွာ ထပ်မံ တောင်းဆိုလိုက်ကြောင်း ဖော်ပြကာ ချက်ချင်း ပြန်မလွှတ်လျှင်သော်လည်းကောင်း၊ ထိုသူများ ထိခိုက်မှု တစုံတရာဖြစ်ခဲ့လျှင်သော် လည်းကောင်း၊ ယခုဖြစ်စဉ်များကဲ့သို့ နောင်များတွင် ဆက်ဖြစ်လာခဲ့လျှင်သော် လည်းကောင်း၊ မဖြစ်သင့်သော နောက်ဆက် တွဲ လူမျိုးရေးပဋိပက္ခများ ဆက်ဖြစ်လာမည်ကို စိုးရိမ်မိဟုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မှသာ လူထုတို့ လိုလားသော ဖွံ့ဖြိုးအေးချမ်းတဲ့ ပြည်ထောင်စုတခုကို အတူတည် ဆောက် နေထိုင်နိုင်မယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဝမ်စယ်ဒေသခံတွေ ကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး MNDAA နဲ့ သျှမ်းပြည်တိုးတက်ရေပါတီ(SSPP/SSA)နဲ့ MND AA တို့ ဖေဖော်ဝါရီ ၆ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပေမဲ့ ရလဒ်ကို SSPP ပြော ရေးဆိုခွင့်ရှိသူများက လူထုဆီထုတ်ပြန်ပြောဆိုခြင်းတစ်စုံတစ်ရာမရှိ သေးပါဘူး။