ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ကာ/လုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

ကာ/လုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

Hsan Loi Editor
19/03/2026
Share:
ဒီကနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ အမှုဆောင် ချုပ်ဖြစ်တဲ့ ဦးအောင်လင်းဒွေး ဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
May be an image of dais and text
တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေး ပထမနေ့ အစီအစဥ်မှာ သဘာပတိအဖြစ် USDP ပါတီက ဒေါ်ဒွဲဘူ က တာဝန်ယူဆောင်ရွက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရာမှာ ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် တစ်ဦးတည်း အမည်တင်သွင်းကာ ပြိုင်ဖက်မရှိဘဲ ဥက္ကဋ္ဌ အဖြစ် အတည်ပြုတင်မြောက်လိုက်တာဖြစ်ပါတယ်။
May be an image of text
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟာ သမ္မတတွေ ရွေးချယ်တင်မြောက်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယကအဖြစ် ဦးစီးပြီး ခေါ်ယူကျင်းပရမယ့်သူဖြစ်ပါတယ်။
ဒုတိယဥက္ကဋ္ဌ ကိုတော့ စစ်ကော်မရှင်ရဲ့ အားကစားနှင့် လူငယ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲကိုင်ထားတဲ့ ကချင်လူမျိုး Jeng Phang နော်တောင် အား ရွေးချယ် တင်မြှောက်လိုက်တာဖြစ်ပါတယ်။
‎တတိယအကြိမ် အမျိုးသားလွှတ်တော်မှာ FPTP နဲ့ PR ရွေးကောက်ပွဲစနစ်မှ လွှတ်တော်ကိုယ်စားလှယ် ၁၅၇ ယောက်နဲ့ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ယောက် စုစုပေါင်း ကိုယ်စားလှယ် ၂၁၃ ယောက်ရှိပြီး ကြံ့ခိုင်ရေးပါတီ USDP က ၁၀၈ နေရာနဲ့ အမတ်နေရာ အများဆုံး ရရှိထားတာပဲဖြစ်ပါတယ်။