တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကာ/လုံအမိန့်နဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပြဋ္ဌာန်း အစိုးရသစ်အလွန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာဆက်ယူမယ့်သဘောရှိ

ကာ/လုံအမိန့်နဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပြဋ္ဌာန်း အစိုးရသစ်အလွန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာဆက်ယူမယ့်သဘောရှိ

Hsan Loi Editor
04/02/2026
Share:
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့် အာဏာကို ကျင့်သုံးပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ ကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
May be an image of text that says 'ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော အမျိုးသားကာကွယ်ရေးနှင့်လုခုံ ပြည်ထောင်စုအတိုင်ပင်ံကောင်စိဥပဒေ (အမျိုးသားကာကွယ်ရေးှင်ခှိုရံကော အမှတ် ၃/၂၀၂၆) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် J ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်) အမျိုးသားကာကွယ်ရေးှ့လုံရံကော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးလျက် ဤဥ္ပဒေကို ပြဌ္ဌာန်းလိုက်သည်။ အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက် ဤဥပဒေကို ပြည်ထောင်မုအတိုင်ပင်ခံကောင်စီဥ္ပ ခေါ်တွင်စေရမည်။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်- (က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော မာနိုင်ငံတော်ကို ဆိုသည်။ (ခ) ကောင်စီ ဆိုသည်မှာ ဤဒပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီကို ဆိုသည်။ အခန်း(၂) ရည်ရွယ်ချက်များ (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ (ခ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ (ဂ) တိုင်းပြည်သာယာဝပြောရေး၊ (w) စားရေရိက္ခာပေါများရေး။'
ကောင်စီရဲ့ ရည်ရွယ်ချက်က စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင် စု တည်ဆောက်ဖို့၊ တိုင်းပြည်သာယာဝပြောဖို့နဲ့ စားရေရိက္ခာပေါများဖို့ဆိုပြီး ဖော်ပြထားပါတယ်။
May be an image of text that says 'အခန်း(၃) တာဝန်ပေးအပ်ခြင်း ၄။ ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော ဖွဲ့စည်းပုံအခြေခံ ဥပဒေက အာဏာခွဲဝေအပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို မထိခိုက်စေဘဲ ဤဥဒေ၏်ရည်ရွယ်ချက်များနှင့်အညီ ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပခေပြင္န်းရေးဆိုင်ရာကိစ္စရပ်များ ကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ကောင်စီကိုဖွဲ့စည်းရန် ည်းရန် နိုင်ငံတော်သမ္မတအား အခွင့်အာဏာအပ်နှင်းသည်။ ၅။ နိုင်ငံတော်သမ္မတသည် သင့်လျော်သည့်ပုဂ္ဂိုလ်များဖြင့် ဥက္ကဌ္နှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်။ ே နိုင်ငံတော်သမ္မတသည် ကောင်စီကို ဖွဲ့စည်းသည့်အခါ ဥက္ကဌ္ဌနှင့် အတွင်းရေးမှူးကို သတ်မှတ်ပေးရမည်။ ၇။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လုပ်ပိုင်ခွင့်များကိုသာ်နှတ်ပေးရ သတ်မှတ်ပေးရမည်။ အခန်း(၄) အထွေထွေ ပြည်ထောင်စုအခိုးရအဖွဲ့သည် ကောင်စီဝင်များ၏ လစဥ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင် အယောင်နှင့် ခံစားခွင့်များကို သတ်မှတ်ပေးရမည်။ ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်သည်။ ၁၀။ ကောင်စီ၏ ရုံးလုပ်ငန်းများအတွက် နိုင်ငံတော်သမ္မတရုံးက စီစဥ်ဆောင်ရွက်ပေးရမည်။ ၁၁။ နိုင်ငံတော်သမ္မတရုံးသည် ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည့် နည်းဥပဒေါ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။ ၉။ (ပုံ) မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး ယာယီသမ္မတ'
အဲ့ဒီကောင်စီဟာ ပြည်ထောင်စုရဲ့ လုံခြုံရေး၊ တရားဥပေဒစိုးမိုးရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေး ကိစ္စတွေအတွက် သမ္မတကို အကြံပေးနိုင်တယ်လို့ ပြောထားပါတယ်။
ကောင်စီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို နိုင်ငံတော်သမ္မတ က သာခန့်ပေးရမှာဖြစ်ပြီး အဖွဲ့ဝင် ၅ ဦး ထက်မနည်း ဖွဲ့စည်းရမယ်လို့ဆိုပါတယ်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ သက်တမ်းဟာ နိုင်ငံတော်သမ္မတ သက်တမ်းအတိုင်းဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး မတ်လမှာ ကျင်းပမယ့် လွှတ်တော်မတိုင်ခင်မှာဘဲ ဒီဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အစိုးရသစ်အလွန်မှာ နိုင်ငံ့ရာထူးတစ်နေရာရာမှာ အာဏာဆက်ယူမယ့်သဘောရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။