သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ (၁၁.၅.၂၀၂၄) ရက်နေ့ နံနက်(၇)နာရီက လူတစ်ဦး ကားအောက်ပိုင်းကိုပြုပြင်နေစဉ် ကားမတော်တဆဘီးလှိမ့်ပြီး ကြိတ်မိရာမှ အသက်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
လားရှိုးမြို့ ရပ်ကွက်(၈) မောရွှေလီတည်းခိုးခန်းအနီး ကားရပ်နားရာနေရာ၌ ယာဉ်မောင်းဖြစ်သူက ၎င်းကားအောက်ပိုင်းကို ပြုပြင်နေစဉ်အတွင်း ယခုလိုအဖြစ်ဆိုးနှင့်ကြုံခဲ့ရခြင်းဖြစ်သည်။
သေဆုံးသူသည် လားရှိုး-မူဆယ် ခရီးသည်ယာဉ်လိုင်းကို မောင်းနှင်နေသော ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။
