သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော (၁၂)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး(၂)ဦး အပါအဝင် (၄၈)ဦး အထိ သေဆုံးမှုရှိကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော (၁၂)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး(၂)ဦး အပါအဝင် (၄၈)ဦး အထိ သေဆုံးမှုရှိကြောင်း ကော်ဘရာစစ်ကြောင်းထုတ်ပြန်

Hsan Loi Editor
09/01/2023
Share:

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့မှ (၃၁) ရက်နေ့အထိ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး(၂) ဦး အပါအဝင် (၄၈) ဦးသေဆုံးပြီး၊ (၆၁) ဦး ဒဏ်ရာရကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း (၁၈)၊ တပ်ရင်း(၂၇) ၊ ကော်ဘရာစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့မှ Golden Eagles ဒရုန်းတပ်ဖွဲ့တို့နှင့် ရက်ရှည်ကြာ ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲ့ကျေးရွာဘက်တို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှ (၁၀) ဦး ဒဏ်ရာရ (၁)ဦး သေဆုံးခဲ့သလို၊ ဒေါနစစ်ကြောင်းမှ (၄)ဦး ဒဏ်ရာရရှိကာ ၊ နဂါးဖြူစစ်ကြောင်းမှ (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA3 (၂)လက်၊ MA2 (၁)လက်၊ ကျည်ဘောက်(၁၂) ဘောက်၊ ၄၀ မမ ကျည် (၂၉) လုံး၊ ခြေနင်းမိုင်း (၂) လုံး၊ လက်ပစ်ဗုံး (၆) လုံး၊ RPG ကျည် (၂) လုံး၊ ပို့ယမ်း (၃) တောင့်၊ ၅.၅၆ ကျည် (၅၆၅) တောင့်၊ ကျည်ကာခမောက်(၆)လုံး တို့ကို ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းရမိခဲ့ပြီး KNLA တပ်ရင်း(၁၈) မှ MA3 (၁)လက် သိမ်းဆည်းရမိခဲ့ပြီး သံချပ်ကာကား (၂)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

စစ်ကောင်စီတပ်မှ ကော့နွဲကျေးရွာရှိ လူနေအိမ်(၁၈)လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာသူ/သားများ ရွာလုံးကျွတ် နေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းရရှိသည်။

credit & cobra column