ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နယ်စပ်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် ထိုင်းတိုက်လေယာဉ်များလည်း ကင်းလှည့်ပျံဝဲ

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နယ်စပ်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် ထိုင်းတိုက်လေယာဉ်များလည်း ကင်းလှည့်ပျံဝဲ

Hsan Loi Editor
16/06/2023
Share:

 

ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် နှင့် ကရင်နီပြည်နယ် နယ်စပ်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုင်း တိုက်လေယာဉ် T-50 အမျိုးအစား ၂စီးဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးတဝိုက် မယ်ဟောင်ဆောင်ခရိုင် စုပ်မွေး ၊ မယ့်စလိန်း၊ မဲဆောက်၊ ထါ့ဆောင်ယမ်း၊ ဖုတ်ဖရတဝိုက် ကင်းလှည့်ပျံသန်းမှု တန်ပြန်ပြုလုပ်ခဲ့ကြောင်း မဲဆောက်သတင်းကဖော်ပြထားသည်။

 

မယ်ဟောင်ဆောင်ခရိုင် မယ့်စလိန်း တမ်ဘွန်းဆောဟင် ဟွေ့ပူနယ်မြေထဲသို့ ထွက်ပြေးဝင်ရောက်လာသည့် ကယားစစ်ဘေးရှောင် ၃၀၃၄ ဦး၊ ခွန်ယုံးမ်မြို့နယ်၊ တမ်ဘွန်းမယ့်ကီ့ ဘန့်ဖခေ့/ဖထိုးနယ်မြေထဲ့သို့ ၃၀၈ ဦး ဝင်ရောက်လာသည်ကြောင်း သိရသည်။

 

ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ကရင်နီပြည် မဲ့စယ်ဘက်မှ စစ်ဘေးရှောင် ၂၅၂ ဦး မယ့်ကိ ခွန်ယုံးမ် ဘန့်ဖခေ့/ဖထိုးသို့ ထပ်မံ ဝင်ရောက်လာသည်ဟုသိရသည်။

 

ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင်လည်း ထိုင်းနယ်စပ် မဲဆောက်မြို့၌ တရုတ်-ထိုင်း-မြန်မာ အာဏာပိုင်များ သုံးပွင့်ဆိုင် အစည်းအဝေးတရပ်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးကိစ္စရပ်ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

Photo: Royal Thai Air Force