တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံးဖွဲ့စည်းတော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟုဆို

ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံးဖွဲ့စည်းတော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟုဆို

Hsan Loi Editor
12/12/2023
Share:

 

ကရင်နီ ပြည်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအမှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတွေစုပေါင်းပြီး ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး Karenni Political Prisoner Association (KPPA) ကို ဖွဲ့စည်းလိုက်ကာ တော်လှန်ရေးအင်အားစုတွေနဲ့ အတူ တော်လှန်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ် ။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အယောက် သုံးဆယ်ပါဝင်တဲ့ ညီလာခံတရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာမှာတွေ့ဆုံပြီး ပထမအကြိမ်ညီလာခံကို ကျင်းပခဲ့တယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးကနေထုတ်ပြန်တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညီလာခံထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အကြံပေးကောင်စီနှင့် အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုများအသီးသီးထံကို နိုင်ငံရေးအကျဉ်းသားဟောင်းများစေလွှတ်ပြီး ပေးအပ်လာတဲ့ အဓိကတာဝန်တွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

KPPA ရဲ့ ၂၀၂၄ ခုနှစ် ရှေ့လုပ်ငန်းစဉ်များအနေနဲ့ လူထုစည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား အကူအညီပေးရန်နှင့် တော်လှန်ရေးအင်အားစုများမှ ပေးအပ်လာသော တာဝန်များကိုထမ်းဆောင်ရန် စတဲ့အချက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး Karenni Political Prisoner Association ( KPPA ) အနေနဲ့ အနာဂတ်မှာ နိုင်ငံရေးနဲ့ လူမှုရေး ကိစ္စတွေကို ဆောက်ရွက်သွားမှာဖြစ်သလို၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ အစည်းအရုံးတခုအဖြစ်ရပ်တည်သွားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။