၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် ယမန်နေ့ညပိုင်း ၇း၀၀ နာရီခန့်က ကရင်နီတပ်မတော် KA မှ စစ်ကောင်စီ မယ့်စလောင်း (ဘော်လခဲနှင့် နမ့်ဖဲအကြားရှိ) စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်ဟု စစ်ရေးဆိုင်ရာ သတင်းအရင်းအမြှစ်များမှတဆင့် သိရှိရပါသည်။
၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးသည်ဟု သိရသည်။
ဘော်လခဲတွင် စစ်ကောင်စီတပ် ခမရ ၃၃၇၊ ခမရ ၄၂၉ နှင့် ခမရ ၄၃၀ တို့ အခြေစိုက်ထားကြောင်း သိရသည်။
