သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကန့်ဘဘူမြို့နယ်၊ ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲပြုလုပ်စဉ် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုပြုလုပ်၍ သေဆုံးသူအလောင်း (၅၃) ဦးအထိ တွေ့ရှိထားပြီး အရေအတွက် ထပ်မံများပြားနိုင်သည်ဟုဆို

ကန့်ဘဘူမြို့နယ်၊ ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲပြုလုပ်စဉ် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုပြုလုပ်၍ သေဆုံးသူအလောင်း (၅၃) ဦးအထိ တွေ့ရှိထားပြီး အရေအတွက် ထပ်မံများပြားနိုင်သည်ဟုဆို

Hsan Loi Editor
11/04/2023
Share:

 

ယနေ့ (၁၁.၄.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးခန်း ဖွင့်ပွဲပြုလုပ်နေစဉ် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဂျက်တိုက်လေယာဉ်တစ်စင်းနှင့် MI-35 လေယာဉ်တစ်စင်းမှ နံနက် ၇ နာရီခွဲဝန်းကျင်ခန့်တွင် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး သေဆုံးသူအလောင်း (၅၀) ဦးကျော် တွေ့ရှိထားကြောင်း ဒေသသတင်းအရင်းအမြစ်များထံ သိရသည်။

 

အပိုင်းပိုင်းပြတ်နေသော ရုပ်အလောင်းများနှင့် ကလေးငယ်အလောင်းများ၊ အမျိုးသမီးအလောင်းများပါ တွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ရာကျော်နိုင်သည်ဟု သိရသည်။

 

ပြည်သူ့အုပ်ချုပ်အဖွဲ့ရုံးခန်း ဖွင့်ပွဲကို အနီးအနားရှိ ကျေးရွာများထံ ဖိတ်ကြားထားခြင်းကြောင့် သေဆုံးသူများသည် ဒေသခံပြည်သူများ ၊ ဝန်းရံသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဖော်ပြသတင်းများတွင် တွေ့နိုင်သည်။

 

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ “စစ်ကောင်စီက အရပ်သားနှင့်လက်နက်ကိုင်ဟူ၍ ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း” NUG မှ ထုတ်ပြန်ထားသည်။