တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကချင်ပြည်နယ် လိုင်ဇာအနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများအား KIA က အင်အားအလုံးအရင်းဖြင့် တစ်ပြိင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် လိုင်ဇာအနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများအား KIA က အင်အားအလုံးအရင်းဖြင့် တစ်ပြိင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

Hsan Loi Editor
07/03/2024
Share:

 

ယနေ့ ၇.၃.၂၀၂၄ ရက်နေ့ နံနက်(၆)နာရီခန့်ကစတင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများအား KIA က ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြမှုအရ သိရသည်။

 

လိုင်ဇာအနီးရှိ ရွှေညောင်ပင် ခလရ(၃၂၁)တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ် တပ်စခန်းနှင့် အင်လုံခ တပ်စခန်းတို့အား ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ မိုးမောက်မြို့နယ်အတွင်းရှိ မလိယန်တပ်စခန်း၊ သံခမောက်တပ်စခန်း၊ တာပိန်ကြိုးတံတားနှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုသည်။

 

စစ်ကောင်စီဘက်ကလည်း ၎င်းတို့၏ တပ်စခန်းများမကျရေးအတွက် လေကြောင်းပစ်ကူဖြင့် ခုခံကာကွယ်နေသော်လည်း လိုင်ဇာအနီးရှိ တပ်စခန်းအချို့ကိုတော့ KIA ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။