ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးစစ်ကောင်စီတပ်စခန်းကုန်းအား KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဖေဖော်ဝါရီလ(၁၉) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိထားသော လက်နက်ခဲယမ်းများအား KIA က ယနေ့တွင်ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များ (၅၀) ဦးခန့် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်း (၅၀) ရာခိုင်နှုန်းခန့်ပျက်စီးပြီး (၅၀) ရာခိုင်နှုန်းသာ အကောင်းတိုင်းကျန်ရှိကြောင်း သိရသည်။
၎င်းတိုက်ပွဲ၌ KIA အဖွဲ့အပြင် AA နှင့် PDF အဖွဲ့များက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
