သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင်၌ CDM ကျောင်းသား/သူ များအပါအဝင် ကျောင်းသား/သူ (၆၃) ဦး ဘွဲ့လက်ခံရယူခဲ့

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင်၌ CDM ကျောင်းသား/သူ များအပါအဝင် ကျောင်းသား/သူ (၆၃) ဦး ဘွဲ့လက်ခံရယူခဲ့

Hsan Loi Editor
26/02/2023
Share:

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့က KIO ဌာနချုပ် လိုင်ဇာမြို့တွင် စစ်အာဏာသိမ်းမှု ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရသည့် CDM ကျောင်းသား/သူများအား ပညာဆက်လက်သင်ယူနိုင်ရန်အတွက် ဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် KSCU ၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီးဂွန်မော်မှ ဘွဲ့ရမောင်မယ်များအား ဘွဲ့လက်မှတ်ပေးအပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက အွန်လိုင်း (zoom)မှတဆင့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

အဆိုပါတက္ကသိုလ်တွင် (NUG)နဲ့ KIO တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊သမိုင်းနဲ့ဒဿနိကဗေဒ စသည့် ဘာသာရပ်များကို သင်ယူလေ့လာခဲ့သည့် ကျောင်းသားကျောင်းသူ (၆၃)ဦးက ဘွဲ့လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

 

credit & kachin waves