ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
SNLD ရဲ့ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ဟာ အခုမှထ ငါးပွက်ရာငါးစာချ နိုင်ငံရေးပေါ်ပင်မျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ အတိုက်အခိုက် ခံရမှာစိုးလို့ ဆုံးဖြတ်လိုက်တဲ့ ဆင်ဝှေ့ရန်ရှောင် ပေါ်လစီမျိုး ဟုတ်ပုံမရပါဘူး။
ဒီဆုံးဖြတ်ချက်ဟာ SNLD ပါတီရဲ့ သမိုင်းနဲ့ချီ အစဉ်အလာ ကောင်းခဲ့တဲ့ သိက္ခာနဲ့ သစ္စာကို ထင်ဟပ်စေတဲ့ နောက်ဆုံး ပြယုဂ်တခုလို့ သုံးသပ်နိုင်ပါတယ်။
ဒီနေရာမှာ သိက္ခာဆိုတာ နိုင်ငံရေးလုပ်တဲ့အခါ “မူ”နဲ့ တန်ဖိုးထားမှုနဲ့ လုပ်မယ်ဆိုတဲ့ နိုင်ငံရေးသိက္ခာကို ရည်ညွှန်းပါတယ်။
SNLD ဟာ ပဋိပက္ခရဲ့လတ်တလော အကြောင်းအရင်းတွေကိုသာ ကျော်လွှားဖို့ကြိုးစားတဲ့ ပဋိပက္ခဖြေရှင်းရေး (Conflict Resolution) ထက် ပဋိပက္ခကိုအရင်းအမြစ်အထိ လက်ကုန်နှိုက် ပြောင်းလဲပစ်ဖို့ (Conflict Transformation) အားထုတ်တာ တွေ့ရပါတယ်။
PDF Version ကို “ISP ကပြင်ရပ်ဝန်း” မှာ အောက်ပါလင့်ကတဆင့် ယူနိုင်ပါတယ်။
https://ispmyanmar.com/community/isp-publications
Source : “ISP ကပြင်ရပ်ဝန်း”