ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၈ နှစ် အရွယ်ကလေးငယ်တစ်ဦးအား ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့သည့် လူငယ် ၂ဦးကို MNDAA က သေဒဏ်ပေးခဲ့ဟုဆို

၈ နှစ် အရွယ်ကလေးငယ်တစ်ဦးအား ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့သည့် လူငယ် ၂ဦးကို MNDAA က သေဒဏ်ပေးခဲ့ဟုဆို

Hsan Loi Editor
24/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မတ်လ ၁၂ ရက်နေ့က အသက် (၈) နှစ်အရွယ်ကလေးငယ်တစ်ဦးအား လူတစ်စုမှ ဖမ်းဆီးပြီး ပြန်ပေးဆွဲ ငွေညစ်တောင်းခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့် လူ(၂) ဦးသည့် ကလေးငယ်အား ပြန်ရွေးရန် တရုတ်ယွမ် ၅ သိန်း တောင်းခံခဲ့ပြီး မိဘများမှ ငွေကြေးတစ်ဝက်သာပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၎င်းတို့မှ ကလေးအား သတ်ဖြတ်ပစ်ခဲ့ကြောင်း သိရသည်။

သို့သော် ၎င်းတို့ကို ၂၀၂၂ခုနှစ် မတ်လ ၂၅ ရက်နေ့က MNDAA အဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုကျူးလွန်ခဲ့သူ (၂)ဦးကို MNDAA အဖွဲ့မှ မေလ ၂၀ရက်နေ့ တွင် သေဒဏ်ပေးပြီး စီရင်ခဲ့ကြောင်း The Kokang သတင်းက ဖော်ပြထားသည်။