ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

(၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မိုင်းပန်မြို့နယ်မှာကျင်းပသွားမည်

(၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မိုင်းပန်မြို့နယ်မှာကျင်းပသွားမည်

Hsan Loi Editor
25/01/2025
Share:

 

လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားဆာလဲ‌ကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာကျင်းပသွားမယ်လို့ သိရပါတယ်။

 

သျှမ်းပြည်သူလူထုနဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ ပူးပေါင်းပြီး (၂)ရက်သာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

ပွဲတော်တက်ရောက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းဖိတ်ကြားထားသလို တောင်ကြီးအခြေစိုက်(ရပခ)၊ ခိုလမ်အခြေစိုက်(ရလခ) နဲ့ ကျိုင်းတုံအခြေစိုက်(တသခ)တို့မှ တိုင်းမှူးများ၊ သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီ (၇)ခုနဲ့ အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။