ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သမိုင်းဝင်ပြခန်းဖွင့်ပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
သမိုင်းဝင်ပြခန်းဖွင့်ပွဲကို ယနေ့ ဇန်နဝါရီလ (၅)ရက် နံနက်ပိုင်းက သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာကျင်းပသွားတာဖြစ်ပါတယ်။
(၇၈)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ပွဲကိုသျှမ်းပြည်သူလူထုနဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပူးပေါင်းပြီး (၂)ရက်သာ ကျင်းပသွားမယ်လို့ သိရပါတယ်။