ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ မေလ (၂၁) ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားအား RCSS ဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျန်း၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA မှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ ယခုအခမ်းအနားသည် မိမိကိုယ်ကျိုးကိုမငဲ့ဘဲ အသက်စွန့်ပြီး အမျိုးသားရေးတာဝန်ထမ်းဆောင်ခဲ့သော သျှမ်းအာဇာနည်များအား ဂုဏ်ပြုခြင်းနှင့် ကောင်းမှုကုသိုလ်ပေးဝေခြင်းဖြစ်သည်” ဟု ပြောကြားသည်။
ဒါ့အပြင် အမျိုးသားရေတာဝန်ထမ်းဆောင်စဉ်အတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသော သူရဲကောင်းများအား ဂုဏ်ပြုတံဆိပ်များပေးအပ်သည်။
ထို့နောက် အခမ်းအနား ကြွရောက်လာသော သံဃာတော်တစ်ပါးမှ စည်းလုံးညီညွှတ်ရေးရှိရန် ဩဝါဒမွတ်ကြားပြီးနောက် တာဝန်ရှိသူတစ်ဦးက ယနေ့ (၆၆) နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်အား ဖတ်ကြားသည်။
အဲ့ဒီနောက် တက်ရောက်လာသော ခေါင်းဆောင်ကြီးနှင့်တကွ အရာရှိကြီးများ၊ မိဘပြည်သူများက ကျဆုံးခဲ့ရသော သျှမ်းအမျိုးသားခေါင်းဆောင်များအတွက် လွမ်းသူ့ပန်းခွေများ ချခဲ့ကြောင်း သတင်းရရှိသည်။