ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ မေလ (၂၁)ရက်နေ့တွင် ကျရောက်သော သျှမ်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအား သျှမ်းပြည်နယ်တောင်ပိုင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော် RCSS/SSA ထိန်းချုပ်ရာ နယ်မြေများအတွင်း အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား RCSS ဌာနချုပ် လွိုင်တိုင်းလျန်းအပြင်၊ RCSS တပ်မဟာ (၈၀၈)၊ တပ်မဟာ (၇၅၉)၊ တပ်မဟာ(၇၂၇)၊ တပ်ရင်း (၉၉၆) စသည့် RCSS အုပ်ချုပ်ရာဒေသများအတွင်း ကျင်းပပြုလုပ်သည်။ သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်တွင် စာပေဟောပြောပွဲနှင့် လူထုတွေ့ဆုံပွဲပါ တစ်ပါတည်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သျှမ်းတော်လှန်ရေးကာလအတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော သျှမ်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းများအား လွမ်းသူပန်းခွေချခြင်း၊ အမျိုးသားရေးတာဝန် ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော သူရဲကောင်းများအား ဂုဏ်ပြုဆုတံဆိပ်ချီးမြင့်ခြင်းများ ပြုလုပ်သည်။ ဒါ့အပြင် အခမ်းအနားတွင် RCSS/SSA တပ်သားများမှလည်း အခြေခံစစ်ရေး သရုပ်ပြခဲ့သည်။
မေလ (၂၂)ရက်နေ့ ယနေ့တွင်လည်း RCSS/SSA တွင် (၅)နှစ်တာကာလ စစ်မှုထမ်းဆောင်ပြီးသူများအား မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။