နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၅ လကျော်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ကို စစ်အင်အားလာဖြည့်တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ပြီး ရဟတ်ယာဥ် ၃ စီးအနက် နှစ်စီးထိမှန်ပြီး တစ်စီးပျက်ကျ 

၅ လကျော်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ကို စစ်အင်အားလာဖြည့်တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ပြီး ရဟတ်ယာဥ် ၃ စီးအနက် နှစ်စီးထိမှန်ပြီး တစ်စီးပျက်ကျ 

Hsan Loi Editor
20/05/2025
Share:

 

၅ လကျော်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်အင်အားလာဖြည့်တဲ့ စစ်ကောင်စီ ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဥ် ၃ စီးအနက် နှစ်စီး ထိမှန်ပြီး တစ်စီးပျက်ကျတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ယနေ့ မေလ ၂၀ ရက် မွန်းလွဲပိုင်းအချိန်က ဗန်းမော်မြို့ရှိ စကခ ၂၁ ဌာနချုပ်အနီး စစ်ကောင်စီရဲ့ ရဟတ်ယာဥ် ၃ စီးနဲ့ စစ်ကူလာဖြည့်ချိန်မှာ KIA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ဝိုင်းပစ်ခဲ့ပြီး ရဟတ်ယာဥ် ၂ စီးထိမှန်ကာ တစ်စီးတွင် ရွှေကူဘက် အရေးပေါ် ဆင်းသက်နိုင်ပြီး ကျန်တစ်စီးတွင်မူ တောထဲပျက်ကျ ခဲ့တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ဒေသတွင်းမီဒီယာမှာ အတည်ပြု ပြောကြားထားပါတယ်။

 

ဒါ့အပြင် ကျန်ရှိတဲ့ ရဟတ်ယာဥ်တစ်စင်းကတော့ မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းဘက် ဆင်းသက် သွားတယ်လို့ ဆိုပါတယ်။

 

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ရက်ကစပြီး ၅ လကျော်ကြာသည်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

 

Photo – ပျက်ကျရဟတ်ယာဥ်(ပုံဟောင်း)