ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ် နီးပါး ပိတ်ထားသောလင်းခေး မြို့ မစည်ပင်သာယာဈေးကြီးအားယခုရက် ပိုင်း အတွင်းပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။
” မြို့မစျေးထဲမှာ ပြန်ရောင်းရတော့ အချိန်ပိုင်းစျေးရောင်း တာမျိုးမဟုတ်ပဲ တစ်နေကုန်ရောင်း လဲရတာပေါ့ စျေးရောင်းတဲ့နေရာတော့ ကျဥ်းသွားတာပေါ့ ” ဟု လင်းခေးဒေသခံစျေးသည် တစ်ဦး ကပြောသည် ။
အဆိုပါ လင်းခေးမြို့မစျေးကြီးအား မြို့နယ်အ တွင်းကိုဗစ်၁၉ ကပ်ရောဂါစတင်ဝင်ရောက်လာစဥ်က တည်းက ပိတ်ထားပြီး တောင်ရွာရပ်ရှိ စည် ပင်သာယာရေး ပန်းခြံ သို့ယာယီပျံကျစျေးအဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်ပေးထားသည်မှာ ၃ နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည် ။
ထို့ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့မှ စ၍ ယာယီပျံကျဈေးမှ ဈေးသည်များအားမြို့မဈေးသို့ပြန်လည် ပြောင်းရွှေ့ရောင်းချစေခဲ့ ခြင်းဖြစ်သည် ။
# HsanLoiVoice
Photo # SZL
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/