ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အထိ ၃ပတ်ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းး စစ်ကောင်စီ က ဒီကနေ့ညမှာ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားတဲ့ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေနဲ့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ နှောင့်ယှက်တိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများ အား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်းနဲ့ နယ်မြေချဲ့ထွင်ခြင်းများ မပြုလုပ်ရန် အသိပေးထားပြီး ထိုသို့ ဆောင်ရွက်လာပါက တုန့်ပြန် ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ MNDAA၊ AA ၊TNLA တို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း ယာယီအပစ်ရပ်စဲကြောင်း ကြေညာထားပါတယ်။