ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကလေးငယ် (၁၆၅) ဦး သတ်ဖြတ်ခံခဲ့ရဟု ဆို

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကလေးငယ် (၁၆၅) ဦး သတ်ဖြတ်ခံခဲ့ရဟု ဆို

Hsan Loi Editor
08/02/2023
Share:

 

စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၂ ခုနှစ်အတွင်းမှာတင် ကလေးငယ် (၁၆၅) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၃ ခုနှစ် ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF Executive Board) ပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးသည် နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်။ အစည်းအဝေးတွင် UNICEF ၏ အမှုဆောင်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်ပါအတိုင်း တင်ပြခဲ့သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်၍ စစ်တပ်မှ မတရားဖမ်းဆီးထိန်းချုပ်ခြင်း၊ နေရပ်စွန့်ခွာစေမှု၊ ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ အချို့သော ဖြစ်စဉ်များတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်သတ်ဖြတ်ခြင်း စသည့် ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ခံရသူများတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ စင်စစ်အားဖြင့် စစ်တပ်၏ အကြမ်းဖက်မှုများတွင် ကလေးငယ်များသည် မကြာခဏ ပစ်မှတ်ထားခံနေရကြောင်း၊

 

ဥပမာအားဖြင့် စစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် ကရင်နီပြည်နယ်တို့အတွင်းရှိ ကိုယ်ပိုင်ကျောင်းတစ်ခုနှင့် ရခိုင်ပြည်နယ်တွင် ကလေးငယ်တစ်ဦး၏ နာမည်ပေးကင်ပွန်းတပ်အခမ်းအနား၌ လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၁)ဦး အသက်သေဆုံးခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း တစ်နှစ်တည်းမှာပင် စစ်တပ်က ကလေးငယ်စုစုပေါင်း (၁၆၅)ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကိန်းဂဏာန်းမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း

 

မြန်မာနိုင်ငံရှိ အချို့ကလေးများသည် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုမှ ရှောင်ရှားနိုင်ရန် ဗုံးခိုကျင်းများ၌ စာသင်ကြားရသည့် အခြေအနေမျိုး စိတ်မကောင်းစွာ ရောက်ရှိနေကြောင်း ဖော်ပြထားသည်။

 

ဒါ့အပြင် OCHA ၏ အစီရင်ခံစာများအရ ၅.၆ သန်းသော ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းသော သောက်ရေ သုံးရေ၊ ကာကွယ်ဆေးနှင့် ပညာသင်ကြားမှုတို့ကို အကန့်အသတ်ဖြင့်သာ ရရှိသောကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

၎င်း၏ တင်ပြချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်သည်။