ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဥ် အင်းစိန်ထောင်၌ သေဆုံးသွားသော သျှမ်းအမျိုးသား မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဥ် အင်းစိန်ထောင်၌ သေဆုံးသွားသော သျှမ်းအမျိုးသား မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်

Hsan Loi Editor
04/01/2023
Share:

 

* ညောင်ရွှေစော်ဘွားကြီးဖြစ်ကာ လွတ်လပ်ရေးရပြီး ပထမဦးဆုံး မြန်မာနိုင်ငံ၏ သမ္မတအဖြစ် အဆိုပြု အရွှေးချယ်ခံရသူ

* ၁၈၉၄ ခုနှစ်၌ မွေးဖွား ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်၏တူ တော်စပ်သူ

* တောင်ကြီး စော်ဘွားများကျောင်း၌ ပညာသင်ယူ

* ဗြိတိသျှအစိုးရအောက် နှစ် ၂၀ ကြာ စစ်မှုထမ်းပြီး ပထမကမ္ဘာစစ်၌ အီဂျစ်နှင့် မစ်ဆိုပိုတမီးယားထိ တာဝန်ထမ်းဆောင်ခဲ့ရသူ

* ၁၉၂၇ ခုနှစ်၊ ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင် နတ်ရွာစံပြီးနောက် စဝ်ရွှေသိုက်ကို ညောင်ရွှေဝန်ကြီးများကောင်စီကတဆင့် ညောင်ရွှေစော်ဘွားအဖြစ် ရွှေးချယ်တင်မြှောက်

* ၁၈၈၀ ခုနှစ်၊ ဗြိတိသျှအစိုးရနှင့် သျှမ်းပြည်စော်ဘွားများအကြား သဘောတူညီချက်ကိုအခြေခံ၍ စဝ်အုံကြာ (သီပေါစော်ဘွား)၊ စဝ်ခင်မောင် (မိုးမိတ်စော်ဘွား)၊ စဝ်ခဝမ်တိုင်း (ကျိုင်းတုံစော်ဘွား)၊ စဝ်ဟုန်ဖ (သိန္ဒီစော်ဘွား) တို့နှင့်အတူ သျှမ်းပြည်ကို သီးသန့်စတိတ်တခုအဖြစ် အသိအမှတ်ပြုရေးကန်ပိန်း ကြိုးပမ်းခဲ့

* သျှမ်းပြည်ကို ဂျပန်တို့ဝင်ရောက်သိမ်းပိုက်စဥ် သျှမ်းအရှေ့ပိုင်းကို ထိုင်းနိုင်ငံသို့ထည့်သွင်းပြီး ကျန်နယ်မြေကို ဗမာထရီတီထဲသို့ ထည့်သွင်းခြင်းခံရ

* ညောင်ရွှေစော်ဘွားကြီးသည် သျှမ်းပြည်၏ ဦးဆောင်မှုအခန်းကဏ္ဍ၌ အရေးပါမှုကြောင့် ဗမာနိုင်ငံရေးသမားများ၏ဖြစ်ချင်သည့်ဆန္ဒအတိုင်း အတင်းအဓမ္မဖိအားပေးမှုဒဏ်ခံခဲ့ရ

* အဆက်မပြတ်ဗုံးကျဲခံရခြင်းကြောင့် နယ်မြေကမောက်ကမ ဖြစ်ယုံသာမက ပြိုင်ဘက် ဗြိတိသျှနှင့် ဂျပန်တို့အကြား ပြင်းထန်သည့်တိုက်ပွဲများကြောင့် ထိုကာလသည် သျှမ်းအမျိုးသားများအတွက် အခက်ခဲဆုံးကာလတခုဖြစ်ခဲ့

* ဒုတိယကမ္ဘာ စစ်ပြီးဆုံးချိန် အင်္ဂလိပ်တို့ ဆုတ်ခွာသွားပြီးသည့်နောက် အိန္ဒိယကို လွတ်လပ်ရေးပေးရန် ဖြစ်လာချိန် အောင်ဆန်းဦးဆောင်သည့် ဗမာအမျိုးသားရေးဝါဒီအဖွဲ့နှင့် စေ့စပ်ညှိနှိုင်းယုံမှတပါး အခြားရွေးချယ်စရာမရှိ

* ၁၉၄၆ တွင် အောင်ဆန်းဦးဆောင်သော ဗမာအစိုးရက တောင်တန်းဒေသများပါ ဗမာပြည်မနှင့်အတူတကွ လွတ်လပ်ရေးပေးရန် ဗြိတိသျှလေဘာပါတီအစိုးရနှင့် ညှိနှိုင်း

* ထိုကာလ၌ နိုင်ငံရေးအမြော်အမြင်ရှိသော စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)၊ စဝ်ခွန်ကြည် (သထုံစော်ဘွား)၊ စဝ်စံထွန်း (မိုင်းပွန်စော်ဘွား) တို့ ၃ ဦးက အောင်ဆန်းသည် ဗမာမဟုတ်သော တောင်တန်းဒေသများကို ကိုယ်စားမပြုဟု လန်ဒန်သို့ ကြေးနန်းရိုက် အကြောင်းကြား၊ အမြင့်ဆုံးအာဏာ နှင့် တရားစီရင်ရေးအာဏာ ၂ ခုစလုံး ပေးအပ်ထားသော သျှမ်းပြည်အတွက် သျှမ်းပြည် Executive Council အမြင့်ဆုံးကောင်စီကို ဖွဲ့စည်းခဲ့

* အဆိုပါကြေးနန်းစာကြောင့် ဗြိတိသျှအုပ်ချုပ်မှုကိုငြင်းပယ်ပြီး သျှမ်းပြည်ကို သီးသန့်လွတ်လပ်ရေးပေးရန် ဖြစ်လာသည်၊ အထက်ပါစော်ဘွား ၃ ဦးက ကချင်နှင့် ချင်းတို့ကို စော်ဘွားများနှင့် ပူးပေါင်းရန် စည်းရုံးပြောဆိုခဲ့

* အထက်ပါကြေးနန်းစာကြောင့် ဗမာ၊ သျှမ်း၊ ကချင်နှင့် ချင်းတို့ ထိပ်တိုက်ရင်ဆိုင်လာရသည့် အခြေအနေတခုဖြစ်လာခဲ့ သို့သော် အောင်ဆန်းက နိုင်ငံရေးသမားကောင်းတဦးဖြစ်ကြောင်း ပြသခဲ့၊ သူက ဗမာမဟုတ်သော လူမျိုးများကိုလည်း မိတ်ဖက်အဖြစ် အသိအမှတ်ပြုကြောင်း လက်ခံခဲ့

* ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖြစ်လာမည့် အခြေခံအုတ်မြစ်ဖြစ်သော ၁၉၄၇ ပင်လုံစာချုပ်ဖြစ်လာသည်အထိ တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့

* ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို ပထမဦးဆုံး သို့မဟုတ် ယာယီ သမ္မတအဖြစ် ရွှေးချယ်တင်မြောက်၊ ၁၉၆၀ ခုနှစ်အထိ အထက်လွှတ်တော် ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့

* သျှမ်းပြည်ကို အလျှင်အမြန် ခေတ်မီအောင်ပြုလုပ်ပြီး သျှမ်းပြည်သူပြည်သားတွေ စည်းလုံးညီညွတ်မှုရှိအောင်ဆောင်ရွက်ရန် သဘောပေါက်နားလည်သည့်အတွက် ၁၉၅၂ ခုနှစ်တွင် စော်ဘွားအသီးသီးက တောင်ကြီး သျှမ်းပြည်အစိုးရဆီသို့ ၎င်းတို့၏အာဏာများကို လွဲပြောင်းရာတွင် ဦးဆောင်ပါဝင်ခဲ့၊ ၁၉၅၉ ခုနှစ် သျှမ်းပြည်သူပြည်သားများထံ အာဏာလွဲပြောင်းမှုပြီးဆုံး (ထိုအခမ်းအနားသို့ စစ်တပ်အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းတက်ရောက်ခဲ့)

* ၁၉၅၀ ခုနှစ်၊ နှစ်လယ်ခန့်တွင် ပါဠိ ဗမာဘာသာမှ သျှမ်းဘာသာသို့ဘာသာပြန်သည့် စီမံကိန်းကို အစပျိုးခဲ့

* ၁၉၆၀-၁၉၆၁ ခုနှစ်အတွင်း စီနီယာသျှမ်းခေါင်းဆောင်များဖြစ်သော ဦးကြာပု၊ ဒေါက်တာဘဉာဏ်၊ ဦးထွန်းမြင့်လေးတို့က စစ်မှန်သည့်ဖက်ဒရယ်နိုင်ငံရေးစနစ်ပေါ်ထွန်းလာရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု စတင်ခဲ့

* တချိန်တည်းတွင် ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းလွန်းသူ (နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုမှ) နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် ပြဌာန်းရာတွင် ဆန့်ကျင်ခဲ့ကြသော အခြားဘာသာဝင်များဘက်မှ ပါဝင် ထောက်ခံခဲ့

* ဗမာသတင်းစာတိုက်များ၏ ခွဲထွက်ရေးသမားအဖြစ် ထုတ်ဖော် ရေးသား ဝေဖန် တိုက်ခိုက်ခြင်းခံခဲ့ရ

* ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စစ်တပ်က ပထမဆုံးအကြိမ် အာဏာသိမ်းစဥ် ရန်ကုန်ရှိ ညောင်ရွှေစော်ဘွားကြီး၏ နေအိမ်အတွင်း စစ်တပ်လက်နက်ကိုင်တစုက နာရီဝက်ကြာ ပစ်ခတ်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းခဲ့

* စော်ဘွားကြီး၏အချစ်ဆုံးသား (အသက် ၁၇ နှစ်အရွယ်) စဝ်မီ သေနတ်ထိမှန်ပြီး သေဆုံး

* ညောင်ရွှေစော်ဘွားကြီးသည် (အခြားသျှမ်းစော်ဘွားများ၊ သျှမ်းဝန်ကြီးများ၊ နိုင်ငံဝန်ထမ်းများ၊ ရဲအရာရှိများ၊ ထင်ရှားသော စီးပွားရေးသမားများ၊ အထင်ကရ အတတ်ပညာရှင်များနှင့်အတူ ဖမ်းဆီးသွားခြင်းခံရ)

* ၁၉၅၂-၁၉၆၀ ခုနှစ်အထိ အထက်လွှတ်တော် ဥက္ကဌအဖြစ် သက်တမ်း ၂ ခု တာဝန်ယူဆောင်ရွက်ခဲ့သူ

* ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ ဗမာစစ်တပ် ပထမဆုံးအကြိမ် အာဏာသိမ်းစဥ် အဖမ်းဆီးခံရသူ

* ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ အင်းစိန်အကျဥ်းထောင်၌ အလုပ်ကြံခံရပြီး သေဆုံး

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/