ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

၁၉၅၉ ခုနှစ်ကတည်းက SSA ၌ စစ်မှုထမ်းခဲ့သော ဗိုလ်ချုပ် ဆူးလိုင်း အသက် (၈၇) နှစ်၌ ကွယ်လွန်

၁၉၅၉ ခုနှစ်ကတည်းက SSA ၌ စစ်မှုထမ်းခဲ့သော ဗိုလ်ချုပ် ဆူးလိုင်း အသက် (၈၇) နှစ်၌ ကွယ်လွန်

Hsan Loi Editor
21/12/2022
Share:

 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ နာယကတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဆူးလိုင်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ မွန်းလွဲ (၁း၂၅) ခန့်တွင် (၉၆) ပါးသော ရောဂါဖြင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၇) နှစ်ရှိပြီဖြစ်သည်။

 

ဗိုလ်ချုပ် ဆူးလိုင်း၏ ရုပ်အလောင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် သဂြိုလ်မည်ဟု သိရသည်။ ဗိုလ်ချုပ်ဆူးလိုင်း ကွယ်လွန်ခြင်းကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ၎င်း၏ မိသားစုဝင်များထံ ပေးပို့မည်ဟုလည်း သိရသည်။

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈-၂၇ ရက်နေ့အထိ

*နံနက် ၁၀း၀၀ နာရီ အဘိဓမ္မာတရားနာခြင်း

*ညနေ ၅း၀၀ နာရီ အဘိဓမ္မာတရားနာခြင်း

*ည ၇း၀၀ နာရီ သျှမ်းပုရပိုက်စာ ဟောကြားခြင်း

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်

*နံနက် ၉း၀၀-၁၂း၀၀ နာရီထိ ဧည့်ခံကျွေးမွေးခြင်း

*နံနက် ၁၁း၀၀ နာရီ ရေစက်ချတရားနာခြင်း

*မွန်းလွဲ ၁း၀၀ နာရီ မိသားစုများနှင့်အတူ သင်္ချိုင်းသို့ လိုက်ပါပို့ဆောင်ပြီး မီးသဂြိုလ်ခြင်း

 

ဗိုလ်ချုပ် ဆူးလိုင်းသည် ၁၉၃၅ ခုနှစ် မေလ (၂၃) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မြောက်သိန္ဒီ ဝမ်လုံရွာတွင် မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ ခွန်ယီ ဖြစ်သည်။ ဦးခွန်လူနှင့်ဒေါ်နန်းမုံပန်းတို့၏ သားဖြစ်ပြီး မွေးချင်းမောင်နှမ (၇) ဦးရှိကာ ဗိုလ်ချုပ်ဆူးလိုင်းက နံပါတ်(၃) ဦးမြောက်သားဖြစ်သည်။ နန်းခမ်းညွှန့်နှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး (၃) ဦး ထွန်းကားခဲ့ပြီး နောက်ပိုင်းတွင် နန်းမွေနှင့်အိမ်ထောင်ထပ်ကျခဲ့ပြီး သားသမီး (၂) ဦး ထပ်မံထွန်းကားခဲ့သည်။

 

ဗိုလ်ချုပ်ဆူးလိုင်းသည်-

– ၁၉၅၉ ခုနှစ်တွင် ဗိုလ်မောင် ဦးဆောင်သော သျှမ်းလူထုညီညွတ်ရေးတပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်။

– ၁၉၆၉ ခုနှစ်တွင် ခွန်ဆာဦးဆောင်သော သျှမ်းညီညွတ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

– ၁၉၆၇ ခုနှစ်တွင် ဗိုလ်မှူးအဖြစ်ရာထူးတိုး။

– ၁၉၆၉ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးတိုးမြင့်ခံရပြီး ၎င်းနှင့်သင့်တော်သော တာဝန်ဝတ္တရားများ ထမ်းဆောင်ခဲ့။

– ၁၉၆၉-၁၉၈၀ ခုနှစ်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း၌ စည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့။

– ၁၉၈၄-၁၉၉၆ ခုနှစ်တွင် ကျိုင်းတုံနယ်မြေကာကွယ်ရေး တာဝန် ထမ်းဆောင်ခဲ့။

– ၁၉၉၈ ခုနှစ်တွင် MTA လက်နက်ချပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ဟင်သိုက် (ထိတ်ထိုင်း) သို့ ရောက်ရှိပြီး စစ်ဘက် နာယကအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့။

– ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ မွန်းလွဲ (၁း၂၅) တွင် ဗိုလ်ချုပ် ဆူးလိုင်း ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/

Ref: Tai Freedom