ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ်၊ မေလ (၁၄) ရက်နေ့က စတင်ပြီး ကယား (ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ တောင်ပေါ်မှ ဒေါလျားခူကျေးရွာတောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခမရ (၄၂၅)၊ ခမရ (၅၁၇)၊ ခလရ (၂၈၇) တပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ကရင်နီတပ်မတော် (KA) ၊ KNDF စစ်ဗျူဟာအမှတ် (၆) ၊ KNDF စစ်ဗျူဟာအမှတ် (၄)၊ KNDF – ETD ၊ KNDF-UAV နှင့် Loikaw PDF တို့ ဖြစ်သည်။
(၁၀) ရက်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ (၁) ဦး၊ ဗိုလ်အဆင့်ရှိသူ (၂) ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀) ဦးနီးပါး သေဆုံးခဲ့ကြောင်း KNDF ဘက်မှ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ MA-1 (၈) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁) လက်၊ 9 mm Pistol (၁) လက်၊ RPG (၂) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပူးပေါင်းတပ်ဖွဲဘက်မှ KNDF တပ်သား (၇) ဦးနှင့် KA တပ်သားတစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သေးပြီး ဒေသခံပြည်သူလူထုများအနေဖြင့် တိုက်ပွဲသတင်းကို နားစွင့်ပြီးမှ အသွားအလာပြုရန် KNDF မှ သတိပေးထုတ်ပြန်ထားသည်။