ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သောကြာနေ့က ဖြစ်ပွားတဲ့ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံအတွက် မဖြစ်မနေလိုအပ်တဲ့အကူအညီအတွက် ဩစတြေးလျအစိုးရက အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(ICRC)မှတဆင့် ဒေါ်လာ ၂ သန်း ပေးအပ်မှာဖြစ်တယ်လို့ ယနေ့မှာ ထုတ်ပြန်လာပါတယ်။
ယင်းထောက်ပံ့မှုများကို မြန်မာစစ်အစိုးရကို တိုက်ရိုက် ငွေကြေးထောက်ပံ့မှုပြုမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။
မြန်မာနိုင်ငံတွင် ရှိနေပြီးသား လူသားချင်းစာနာမှုအခြေအနေကို ပိုမိုဆိုးရွားစေသဖြင့် ထိခိုက်ခံရသူများအား သြစတြေးလျအနေနဲ့ ဝမ်းနည်းခံစားရပြီး မဖြစ်မနေလိုအပ်သော အသက်ကယ် ဆေးဘက်ဆိုင်ရာ အကူအညီများကို ICRC မှတဆင့် ပံ့ပိုးကူညီ သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ အကျပ်အတည်းသည် ဒေသအတွင်း တည်ငြိမ်မှုအပေါ် မထင်သာသော ဘေးရန်ဖြစ်ပြီး သြစတြေးလျအနေနဲ့ ထိုအခြေ အနေများအတွက် ဆက်လက်ပံ့ပိုးမှုများဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။