ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အွန်လိုင်းလောင်းကစားနဲ့ ဆက်စပ်တဲ့ ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းမယ်လို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။
တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြုပြီး နိုင်ငံ တော် အခက်အခဲများဖြစ်ပေါ်ခဲ့ကာ ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့သလို နိုင်ငံတကာမှာလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး အာရုံစိုက်မှုရှိလာတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတကာနှင့်ပူးပေါင်းပြီး ဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွစွာဆောင်ရွက်နေကြောင်းနဲ့ တိုင်းနှင့် ပြည်နယ်ရှိ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ မိမိတို့ ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနဲ့ မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူပြီး တင်းကြပ်ပြတ်သားစွာ ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်တယ်လို့ စစ်ခေါင်းဆောင် က ၎င်းရဲ့ ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်များကို မှာကြားသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်မှ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ တရုတ်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရတဲ့ ဖြစ်ရပ်ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း နိုင်ငံတကာသတင်းမီဒီယာ တွေထိ ပါလာပြီးတဲ့နောက် မြန်မာအပါအဝင် ထိုင်းနဲ့ တရုတ်တို့က အွန်လိုင်းငွေလိမ်းဂိုဏ်းတွေ နှိမ်နင်းဖို့ကိစ္စ ပြောဆိုလုပ်ဆောင်လာကြတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ မြဝတီ၊ တာချီလိတ်၊လောက်ကိုင်၊ မူဆယ် အပါအဝင် နယ်စပ်ဒေသမှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများနဲ့ပတ်သက်ပြီး ၂၀၂၃ အောက်တိုဘာလ (၅)ရက်မှ ၂၀၂၅ ဇန်နဝါရီလ (၁၃)ရက်ထိ (၅၅၇၁၁)ဦးကို ဖော်ထုတ်ဖမ်းမိပြီး တရားမဝင် ဝင်ရောက်နေထိုင်သူများကို သက်ဆိုင် ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။