ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့ မေလ(၉)ရက်နေ့က အွန်လိုင်းစာမျက်နှာထက်တွင် ပျံ့နှံ့လျက်ရှိသည့် သျှမ်းပြည်သူတစ်ဦးအား SSPP တပ်သားများက ကြိုးဖြင့်ချည်နှောင်ပြီး သစ်ပင်တွင်တွဲလောင်းချိတ်ကာ မီးလောင်မြိုက်နှိပ်စက်နေသည့် ရုပ်သံဖိုင်နှင့်ပတ်သက်၍ သျှမ်းပြည်သူလူထုအကြား ဂယက်ရိုက်လျက်ရှိသည်။
အဆိုပါ လုပ်ရပ်နှင့်ပတ်သက်၍ နှိပ်စက်မေးမြန်းခံရသည့် ပုဂ္ဂိုလ်တွင် မည်သို့သော အပြစ်မျိုးကို ကျူးလွန်ခဲ့သည်ဖြစ်စေ ၎င်းလုပ်ရပ်မျိုးကို လုံးဝပြုလုပ်ရန်မသင့်ကြောင်း သျှမ်းလူထုများက ဝိုင်းဝန်းဝေဖန်လျက်ရှိသည်။
ထိုင်းနိုင်ငံရောက် Tai Unity Organization Bangkok ကလည်း အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ တရားမဝင်သောလုပ်ရပ်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကိုလည်း ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ပြန်လာပါသည်။ ဒါ့အပြင် ၎င်းလုပ်ရပ်မျိုးကို ထပ်မံကျူးလွန်ခြင်းမပြုရန်နှင့် ပြည်သူလူထုအား ဖြေရှင်ချက်ပေးရန် ဖော်ပြထားသည်။
အလားတူ Tai Youth Yangon နှင့် အမေရိကန်နိုင်ငံရောက် သျှမ်းလူမျိုးစု မှလည်း မည်သည့်သတင်းဌာနမှ မဖော်ပြကြသော၊ မည်သည့်နိုင်ငံရေးသမားမှ ဝေဖန်ထောက်ပြခြင်းမရှိသော သျှမ်းပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှင့်ပတ်သက်၍ အပြစ်မဲ့ သျှမ်းပြည်သူလူထုကို မတရားဖမ်းဆီး၊ ညှင်းပန်း၊ နှိပ်စက်ခြင်းများကို သျှမ်းလူငယ်များအနေဖြင့် ဤလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့တွင် ၎င်းတို့ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည်။
ပြည်သူလူထု၏ ဖိအားပေးတောင်းဆိုမှုကြောင့် ယနေ့ မေလ(၁၀)ရက်နေ့တွင် SSPP မှ ထုတ်ပြန်မှုတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထုတ်ပြန်ချက်အရ ဖြစ်စဉ်ကို ပြန်လည်ဖြေရှင်းခြင်းထက် RCSS နှင့် SSPP ကြား ပဋိပက္ခများကြောင့် ယခုလိုလုပ်ရပ်မျိုးဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ရေးသားထားသလို လူ့အခွင့်အရေးကျူးလွန်ဖောက်ဖျက်ခဲ့သည့် ၎င်းတို့တပ်သားကိုလည်း မည်သို့ အရေးယူမည်သည်ကို ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါ။
ဒါ့အပြင် ဖြစ်စဉ်၌ ကျူးလွန်ခြင်းခံရသူ သျှမ်းအမျိုးသားလူငယ်ကိုလည်း ၎င်းတို့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း ဖော်ပြထားသည့်အတွက် ဒေသခံပြည်သူကို ဖမ်းဆီးထားခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်း သုံးသပ်ရသည်။
ဆက်စပ်သတင်းများအရ ဖမ်းဆီးနှိပ်စက်ခံရသောသူသည် ဟိုပုံးမြို့နယ် ဖောင်းဆိုင်ကျေးရွာသား တစ်ဦးဖြစ်ပြီး ယခုအခါ ဖောင်းဆိုင်ကျေးရွာတွင် နေထိုင်သော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရပြီဖြစ်ကြောင်း သတင်းရရှိသည်။