ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ် တောင်ပိုင်း ၊ အောင်ပန်းမြို့နယ် ၊ ညောင်ကျိုးရွာအနောက်တောင်ဖက် (၂) မိုင်အကွာတောင် စောင်း ၌ ယမနေ့ (ဇွန် ၂ ရက် )ညနေခင်း ၃ နာရီချိန်ခန့်ကနွားကျောင်းသားတစ်ဦးနှင့် နွားတစ်ကောင် မိုးကြိုးထိမှန်ကာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
မိုးကြိုးထိမှန်သေဆုံးခဲ့သော နွားကျောင်းသားမှာ အ သက် ၁၈ နှစ်အရွယ် ညောင်ကျိုး ကျေးရွာခံတစ်ဦးဖြစ်ပြီး ၄င်းသေဆုံးသူရုပ်အလောင်းအား အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ရွာသူ/သားများနှင့် အောင်ပန်းနာရေးကူညီမှုအသင်းက ပူးပေါင်းပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
မိုခါမုန်တိုင်းအလွန်ကာလတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဒေသများ၌ မိုးကြီး၍လျှပ်စီးလျှပ်ခြင်း ၊ မိုးခြိမ်းခြင်း ၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။