ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အောင်ပန်းတွင် တွဲကားအောက် ဆိုင်ကယ်ဝင်သွားသည်အထိ ယာဉ်မတော်တဆဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မပြီး ဆိုင်ကယ်မောင်းသူ သေကံမရောက်

အောင်ပန်းတွင် တွဲကားအောက် ဆိုင်ကယ်ဝင်သွားသည်အထိ ယာဉ်မတော်တဆဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မပြီး ဆိုင်ကယ်မောင်းသူ သေကံမရောက်

Hsan Loi Editor
30/05/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ် တာမိုင်းခမ်းတံတားအနီးတွင် မေလ (၂၉)ရက်နေ့ မနက်(၉)နာရီခန့်က တွဲကားနှင့် ဆိုင်ကယ်မတော်တဆ တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်က ကားအောက်ရောက်သွားသည်အထိ ဖြစ်ခဲ့သည်။ သို့သော် ကံကောင်းထောက်မပြီး ဆိုင်ကယ်မောင်းနှင်လာသူ သေကံမရောက်ခဲ့ဘဲ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

“ကားသမားရဲ့ ပြောပြချက်အရ ဆိုင်ကယ်က လမ်းချော်ပြီး ကားရှေ့မှာလဲပြီး ဆိုင်ကယ်က ကားအင်ဂျင်အောက်ထဲကို ဝင်လာပြီး ကားလည်း အချိန်မီရပ်လိုက်တာပေါ့။ ဆိုင်ကယ်မောင်းတဲ့သူတော့ ခြေထောက်ကျိုးသွားတယ်။ သူ့ကိုတော့ အောင်ပန်းလူမှုကူညီရေးအသင်းက ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု အောင်ပန်းလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

အဆိုပါနေ့တွင်ပင် ကလောမြို့နယ်၌ မြင်းမထိရွာ ရှုခင်းအနီး၌ ဆိုင်ကယ်တစ်စီး မတော်တဆလမ်းချော်ပြီး ကမ်းပါးထဲပြုတ်ကျကာ ဆိုင်မောင်းသူဒဏ်ရာရရှိခဲ့သေးသည်။