ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီးမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြသော ၈၈ ကျောင်းသားဟောင်း၊ နိုင်ကျဉ်းဟောင်း ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော်နှင့် ပြည်သူ့ပါတီမှ ကိုဝင်းကိုတို့ နိုဝင်ဘာလ ၁ ရက်က အကျဥ်းထောင်မှ ရက်စေ့၍ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
“ သူတို့တွေက NLD ပါတီမှာ တစ်ချိန်က တာဝန်အသီး သီး ယူထားကြဖူးတယ် ၊ နိုင်ငံရေးအကျဥ်းသား ဟောင်း တွေလဲဖြစ်ကြတယ် ၈၈ ကျောင်းသားခေါင်းဆောင်တွေလဲဖြစ်ကြတော့ စစ်ကောင်စီက ကြိုတင်ဖမ်းဆီးထိန်း သိမ်းတဲ့ အနေနဲ့ ပဋိပက္ခတွေ မဖြစ်ခင်ကတည်းက ဖမ်းပြီးထောင်ထဲ တစ်ခါတည်းပို့လိုက်ကြတာ” ဟု ၄င်းတို့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။
၎င်းတို့နှစ်ဦး အပါအဝင် တောင်ကြီးမြို့တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးညီညီရွှေ နှင့် ဦးမောင်ဖြူတို့ကို စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးအနက် ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော်နှင့် ဦးဝင်းကိုတို့သာ လွတ် မြောက်လာခြင်းဖြစ်ပြီး ဦးညီညီရွှေ နှင့် ဦးမောင်ဖြူတို့ ၂ ဦး တောင်လေးလုံး အကျဥ်းထောင်တွင် ကျန်ရှိနေသေးကြောင်းသိရပြီး ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာမည်ဟုလည်း ၄င်းတို့နှင့် နီးစပ်သူများက ပြောဆိုကြသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တောင်ကြီး မြို့ပေါ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
#HsanLoiVoice