နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တွေ့ဆုံ  ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ပါတီအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှု ဆက်လက်ကြိုးပမ်း သွားမယ်လို့ဆို

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တွေ့ဆုံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ပါတီအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှု ဆက်လက်ကြိုးပမ်း သွားမယ်လို့ဆို

Hsan Loi Editor
18/04/2025
Share:

 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ က ယနေ့ ဧပြီလ ၁၈ ရက်နံနက်ပိုင်းက အွန်လိုင်း ကနေတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

မိနစ် ၄၀ ကြာ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရှိ ပြည်သူများ၏ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ အကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းမှုကိစ္စများ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါက ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

 

လက်ရှိတွင် ယုံကြည်မှုတည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများကို ဦးစားပေးအဖြစ် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းစဉ်ကို အာဆီယံမူဘောင်အောက်တွင် ဆက်လက်တည်ရှိနေရန် အရေးကြီးလိုအပ်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ သာယာဝပြောရေး တို့အတွက် ပါတီအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အန်ဝါက ဆိုပါတယ်။