နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယခုလ ဇန်နဝါရီ အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့က အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ မြန်မာက ဆု(၂) ရရှိခဲ့တယ်လို့ သိရပါတယ် ။
အဲဒီဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆု ဆိုပြီး ဆုအမျိုးအစား ၃ ခု ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ ဆု ၃ ဆုအတွက် စာရင်းတင်သွင်းခဲ့ရာ ဆု (၂)ဆု ရရှိခဲ့တယ်လို့ စစ်ကောင်စီ ရဲ့ သျှမ်းပြည်နယ်အစိုးရအဖွဲ့ထုတ်ပြန်စာကနေ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဲဒီအမျိုးအစား သုံးခုစလုံးကို ဝင်ရောက်ယှဉ်ခဲ့တာဖြစ်ပြီး အာဆီယံလူထုအခြေပြု ခရီးသွား လုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotel ရှိ Jasmine Spa ၊ အာဆီယံ အများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတွေအနက် အာဆီယံ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆု (ASEAN CBT Award) အတွက် ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာရှိ CBT ၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့ စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဆုရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။