ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် အတွက် စျေးဆိုင်ခန်းမြေနေရာငှားရမ်းခမှာ အနှိမ့်ဆုံး၅ သိန်းကျော်နဲ့ အမြင့်ဆုံးသိန်း ၈၀ အထိပေါက်စျေးရှိနေတယ်လို့ စုံစမ်းသိရပါတယ် ။
” ပွဲဲဖြစ်မဖြစ်မသေချာတာရယ် ကုန်စျေးနှုန်းတွေကြောင့်ဆိုင်ခန်းငှားဖို့ကမသေချာဘူး၊ငှားခကလည်းစျေးကြီး တော့တစ်ရက် ၂ သိန်းဖိုးလောက်ရောင်းရမှ အမြတ်ရမှာလေ ၊ ကျွန်တော်တို့မငှားရင်တော့ လက်ရှိရောင်းနေတဲ့နေရာတွေကဖယ်ပေးရမှာပေါ့ ” လို့မီးပုံးပျံကွင်းအပြင်ဖက်မှာစျေးရောင်းနေတဲ့ စျေးသည်တစ်ဦးကပြောပါတယ် ။
မီးပုံးပျံ ကွင်းအပြင်ဖက်က စျေးဆိုင်တန်းမြေငှားခတွေဟာ ၅ သိန်းကနေ ၈ သိန်းအထိရှိပြီးကွင်းထဲက မြေငှားရမ်းခတွေကတော့ ၁၇ သိန်း ၊ ၁၀ သိန်း နဲ့ အမြင့်ဆုံး သိန်း ၈၀ အထိရှိနေပါတယ် ။ ဒါဟာဆိုင်ခန်းမြေနေရာ အတွက်ငှားရမ်းခသာဖြစ်ပြီး စျေးဆိုင်ခန်းဆောက်ဖို့ အကိုယ့်အစီအစဥ်နဲ့ကိုယ် ဆောက်ရမှာဖြစ်ပါတယ် ။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ လ (၂၁) ရက် ကနေ နိုဝင်ဘာလ (၂၇) ရက်နေ့ အထိ (၇) ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမယ်လို့စစ်ကောင်စီက ကြေညာ ထားပြီးလက်ရှိမှာလည်း မီးပုံးပျံကွင်းကို စက်ယန္တရားတွေနဲ့ အသဲအသန်မွန်းမံနေတယ်လို့ မြို့ခံတွေကပြောပါတယ် ။
” ကွင်းကို ပတ်ပတ်လည် အုတ်တံတိုင်းတွေနဲ့ကာထားတယ် ၊ ဝင်ပေါက်ထွက်ပေါက်ကလွဲပြီး ကျန်တဲ့အပေါက်တွေအကုန်ပိတ်မယ်လို့ ကြားတယ် ဒီပုံအတိုင်းဆိုမီးပုံးပျံယမ်းမတော်တဆကွဲရင် ပြေးစရာမရှိဘူး အကုန်ပိတ်မိနေမှာ” လို့ ကံကြီးရပ်ကွက်နေသူတစ်ဦးကပြောပါတယ် ။
ပွဲတော်အတွက်ကွင်းပြုပြင်ရာမှာလည်း စစ်ကောင်စီက လုံခြုံရေးတွေအများအပြားချထားတယ်လို့ဆိုပါတယ် ။
ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲဟာအရင်နှစ်တွေတုန်းကလို ရပ်ကွက်အလိုက် အစုအဖွဲ့အလိုက်လွတ်လပ်စွာပါဝင်ယှဥ်ပြိုင်ရမှာမျိုးမဟုတ်တော့ပဲ ပွဲစီစဉ်တွေအပ်လာတဲ့ အပ်ထည် မီးပုံးပျံတွေကို အခကြေး ငွေယူပြီး လုပ်ပေးရတာဖြစ်တယ်လို့ တောင်ကြီးမီးပုံးပျံဝါသနာရှင် တွေဆီကသိရပါတယ် ။
သျှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များ အသင်း page ကနေ ညမီးကြီး မီးပုံးပျံ ၂၅ ပေ (၁၅) လုံး၊ ညမီးကြီး မီးပုံးပျံ ၂၂ ပေ (၂၃) လုံး၊ ညမီးကြီး မီးပုံးပျံ ၁၈ ပေ (၂၅) လုံး၊ ညလွှတ်မီးပုံးပျံ အလုံးရေ စုစုပေါင်း (၆၃) လုံး လွှတ်တင်မှာဖြစ်ပြီး နေ့လွှတ်အရုပ်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်သူ မရှိသလောက်နည်းပါးနေတဲ့အတွက်ဝင်ရောက် ယှဥ်ပြိုင်ကြဖို့ ဖိတ်ခေါ်ထားတာကိုတွေ့ရပါတယ် ။
သျှမ်းတောင်တော်လှန်ရေးအင်အားစုတွေက စစ်ကောင် စီ ဦးဆောင်ကျင်းပနေတဲ့ ရိုးရာပွဲတွေမှာ မပါဝင်ကြဖို့တိုက်တွန်းထားတာတွေ ရှိသလို လက်ရှိမှာလည်းသျှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ် ။