ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)လက်အောက်မှ နှုတ်ထွက်ခဲ့သော တော်လှန် ရေးတပ်ဖွဲ့ တပ်ရင်း(၅)ရင်းထိရှိလာ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)လက်အောက်မှ နှုတ်ထွက်ခဲ့သော တော်လှန် ရေးတပ်ဖွဲ့ တပ်ရင်း(၅)ရင်းထိရှိလာ

Hsan Loi Editor
18/03/2025
Share:

 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ နိုင်ငံအတွင်း တော်လှန်ရေးတပ်ဖွဲ့များစွာ ပေါ် ထွက်လာခဲ့ပါသည်။ လက်နက်ကိုင်တော်လှန်ရေးများသည် အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး ဌာန(MOD) လက်အောက်တွင်ပူးပေါင်းပြီး တိုက်ပွဲဝင် နေသော တော်လှန်ရေးတပ်ဖွဲ့များ ရှိသကဲ့သို့ MOD လက်အောက်တွင် မနေဘဲ သီးခြားရပ်တည်ကာ အာဏာ သိမ်းစစ်ကောင်စီကို တော်လှန်နေသော ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များလည်း ရှိပါသည်။

 

MOD အောက်တွင် ၂ နှစ်ကျော် ၃နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်လည်နှုတ်ထွက်လာသော တော်လှန် ရေး တပ်ဖွဲ့တွေ အချင်းချင်း ပြန်လည်ပေါင်းစည်းမှုများရှိသလို အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားတာတွေလည်း ရှိပါသည်။

 

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက် အောက်မှ နှုတ်ထွက်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့၊ တပ်ရင်း၊ စစ်ကြောင်းများတွင်

 

(၁) အမှတ်(၁၀၀၅) SSPDF တပ်ရင်းသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နှုတ်ထွက်သွားပါသည်။

 

(၂) အမှတ်(၁၀၀၈) SSRY တပ်ရင်းသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နှုတ်ထွက်သွား ပါသည်။

 

(၃) ဂဠုန်စစ်ကြောင်း (P29908)သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နှုတ်ထွက်သွားပါသည်။

 

(၄) ကျားဖြူတပ်ခွဲ(၁) စစ်ကြောင်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နှုတ်ထွက်သွားပါသည်။

 

(၅) ဂန့်ဂေါတပ်ရင်း(ယောဒေသ)သည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် MOD အောက်က နုတ်ထွက်စာတင် ထွက်ခဲ့ကြပါသည်။

 

MOD အောက်မှ ထွက်လာသော SSPDF နှင့် SSRY တို့သည် MOD ၏ စစ်ရေး COC အောက်တွင်မရှိသော ရှမ်းတောင်ဒေသခံတော်လှန်ရေး တပ်ပေါင်းစု SSLRU နှင့် ပူးပေါင်းပြီး အခြားစုဖွဲ့မှုပုံစံတစ်ခုဖြင့် တော်လှန်ရေး ပြီးဆုံးသည်အထိ လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဟု သိရပါသည်။

 

အလားတူ ဂဠုန်စစ်ကြောင်းတွင်မူ မွန်ပြည်လွတ် မြောက်ရေးတပ်တော်(MLA) ရဲ့ COC အောက်ကနေ မွန်ပြည် နယ်နဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေအထိ စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါသည်။

 

ကျားဖြူစစ်ကြောင်းမှ ဗိုလ်ကျော်ဟိန်း ဦးဆောင်တဲ့ စစ်ကြောင်းကတော့ စုစုပေါင်းအင်အား ၈၀၀ ဝန်းကျင်နဲ့အတူ တပ်မဟာ ၆ နယ်မြေ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မှူး စောကျော်သက် ဦးဆောင်တဲ့ အမှတ် ၃၁ ဗျူဟာကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းပြောပါသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါ (ယော‌ဒေသ) တပ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇)၊ တပ်ရင်း (၇၀၁)အဖြစ်က‌နေ အမှတ် (၁) စစ်ဒေသရဲ့ ဂန့်ဂေါခရိုင် အမှတ်(၁၂) တပ်ရင်းအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ MOD အောက်က‌နေ နုတ်ထွက်ခဲ့ကြပါသည်။

 

တပ်ရင်းတစ်ခုလုံး နုတ်ထွက်တာ မဟုတ်ပဲ အရာရှိတွေအပါအဝင် ရဲဘော်တွေ ၉၀ ရာခိုင်နှုန်းလောက် နုတ်ထွက်တာဖြစ်တယ်လို့ သိရပါသည်။

 

ဂန့်ဂေါ(ယောဒေသ)တပ်ရင်းဟာ ယောတပ်မတော် (YA)မှာ ဆက်လက်တာဝန် ထမ်းဆောင်ကြမှာဖြစ်ပြီး ယောဒေသနှင့် မြန်မာတစ်နိုင်ငံလုံး လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါသည်။