ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သျှမ်းနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သျှမ်းနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

Hsan Loi Editor
13/12/2023
Share:

 

၁။ ယနေ့တွင် ကျရောက်သည့် ၂၁၁၈ ခုနှစ်မြောက် ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးအခါ သမယတွင် ရှမ်းတိုင်းရင်းသားများအားလုံး လုံခြုံဘေးကင်းပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ ရှမ်းတိုင်းရင်းသားများသည် နှစ်သစ်ကူးကာလတွင် ဆုတောင်းမေတ္တာပို့သခြင်း၊ကောက်သစ် ဖြင့် ရဟန်းသံဃာများထံ ဆွမ်းကပ်လှူခြင်း၊ ရိုးရာအစဉ်အလာများကို ပြန်လည်ဖော်ထုတ်ခြင်း၊ စာ ပေယဉ်ကျေးမှု ဂီတ ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်ဆင်နွှဲလေ့ ရှိကြပါသည်။

၃။ ရှမ်းတိုင်းရင်းသားတို့သည် နှစ်သစ်ကူးနေ့အခါသမယအား လူမျိုးဂုဏ်နှင့် အမှတ်အသား သရုပ်ကို ထိန်းသိမ်းမြှင့်တင်သည့်အနေဖြင့် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ စစ်အာဏာသိမ်းရန်ကြိုးစားမှု နောက်ပိုင်း မြန်မာနိုင်ငံ နေရာ အနှံ့အပြား ၌ အကြမ်းဖက်စစ်တပ် ၏ တိုက်ခိုက်မှုများကြောင့် မည်သည့်အထိမ်းအမှတ်ပွဲတော်ကိုမျှ လွတ်လပ်စွာ ကျင်းပနိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်ကာ ဆင်းရဲဒုက္ခကြီးစွာဖြင့် နေထိုင်ခိုလှုံနေကြရပါသည်။

၄။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ပန်းတိုင်ကို ရောက်ရှိတော့မည့် ကာလတွင် ရှမ်း တိုင်းရင်းသားများနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ လက်တွဲပြီး – တရားမျှတမှု၊ လွတ်လပ်မှု ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံနိုင်မည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေး အောင်ပွဲအသီးအပွင့်များ ရရှိခံစားရင်း အတူတကွ ပိုမိုယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြစေကြောင်း ဆန္ဒပြုရင်း ရှမ်းနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။