ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း အမျိုးသမီးများသည်လည်း စစ်မှုထမ်းရန်အတွက် အကျုံးဝင်နေပြီး အမျိုးသမီးများကို စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ်မရှိသေး သော်လည်း အမျိုးသမီးတွေကို ခြိမ်းခြောက်ပြီး ကြောက်လန့်အောင်လုပ်ဆောင်တာ ရှိနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောဆိုလိုက်တာပါ။
ယနေ့ ဇန်နဝါရီလ(၈)ရက် စစ်ကောင်စီထုတ် သတင်းစာနှင့် မီဒီယာများတစ်ဆင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာပါ အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ကြောင်း ဒါကိုမူတည်ပြီးတော့ အမျိုးသမီးတွေ ကို ခြိမ်းခြောက်နေတာမျိုးတွေ ရှိနေကြောင်း တွေ့ရှိရပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပက်သက်ပြီးတော့ အင်တာနက် သတင်းစာမျက်နှာတွေမှာ ဖက်ရှုလေ့လာနိုင်ကြောင်းနှင့် စစ်မှုထမ်းဥပဒေတွေနဲ့ ပက်သက် လို့ စုံစမ်းမေးမြန်းတာတွေ လုပ်ဆောင်နိုင်သလို မမှန်မကန်သတင်းပို့တိုင်ကြားပါက ဖော်ထုတ်ပြီး ဥပဒေနဲ့အညီအရေးယူ သွားမည်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောဆိုသည်။
စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းရမဲ့ အရွယ်ရောက်သူ တိုင်း အမျိုးသားဖြစ်လျှင် အသက် (၁၈)နှစ်မှ (၃၅)နှစ်၊ အမျိုးသမီးဖြစ်လျှင် အသက်(၁၈)နှစ်ကနေ (၂၇) နှစ်အထိ သတ်မှတ်ထားပြီး အတက်ပညာ တစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူဆိုရင်တော့ အမျိုးသားက (၄၅)နှစ်ထိနဲ့ အမျိုးသမီးဆိုရင်တော့ (၃၅)နှစ်အထိ အကျုံးဝင်ကြောင်းနှင့် စစ်မှုထမ်းရန် တိမ်းရှောင်ကြံစည်မည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ ၅နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသလို စစ်မှုထမ်းရန် အမိန့်စာရရှိသူသည် ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့် မရှိတဲ့ ပုဒ်မတွေပါ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။