ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် စစ်ကောင်စီက သတ်မှတ် ကြေညာ

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် စစ်ကောင်စီက သတ်မှတ် ကြေညာ

Hsan Loi Editor
22/12/2024
Share:

 

အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန်အတွက် အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက် အ ဖြစ် သတ်မှတ်ပေးသွားပြီး ပိတ်ရက်များအတွက် စနေတစ်ရက် ပြန်အစားထိုး သတ်မှတ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာများထံမှ ကြေညာသွားပါသည်။

 

စစ်ကောင်စီမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ပိတ်ရက်ရှည်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ရုံးပိတ်ရက် ၅ ရက် ဖြစ်ကြောင်း ကြေညာထားသည်။

 

ထို့အပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ရုံးပိတ်ရက်ရှည် (၅)ရက်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ရုံးပိတ်ရက် (၄)ရက်၊ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ရုံးပိတ်ရက် (၄)ရက် ဖြစ်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

 

ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့ တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်သည်။

 

အစားထိုး ပိတ်ရက်များအနေနဲ့ ပထမရုံးပိတ်ရက်ရှည်အတွက် လာမည့် ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက် (စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါသည်။