ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အစစ်အဆေးကြမ်းသည့် ဘားအံသံလွင်တံတားဂိတ်ပေါက်ကွဲမှုဖြစ်ပွား

အစစ်အဆေးကြမ်းသည့် ဘားအံသံလွင်တံတားဂိတ်ပေါက်ကွဲမှုဖြစ်ပွား

Hsan Loi Editor
31/07/2023
Share:

 

ဝင်ထွက်သွားလာနေသည့် ပြည်သူများကို စစ်ဆေးမှုကြမ်းပြီး လူငယ်များမကြာခဏ ဖမ်းဆီးခံရလေ့ရှိသည့် ကရင်ပြည်နယ်၊ ဘားအံမြို့သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၆နာရီ ၄၀ အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် အချို့ထိခိုက်မှုရှိသည်ဟုသိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် အရေးပေါ်ကယ်ဆယ်ရေး ကားများလည်း သွားလာနေသည်ဟု ဆိုသည်။

 

လက်ရှိအချိန်တွင် သံလွင်တံတား ဖြတ်သန်းသွားလာမှုကို စစ်ကောင်စီဘက်မှ ပိတ်ထားလိုက်ကာ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။

 

သံလွင်တံတားပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သလို တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူလူထုယာဉ်များအားလုံးကို ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မှတ်ပုံတင်နှင့်လက်ကိုင်ဖုန်းထဲရှိ အချက်အလက်များကို စစ်ဆေးလေ့ရှိသည့် ဂိတ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။