ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အခြေစိုက်အင်းလေး PDF အား NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ဒေသ (၃) ၏လက်အောက်ခံ တပ်ရင်းအဖြစ်တရားဝင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း အင်းလေး PDF (IPDF) က ဒီဇင်ဘာလ ၈ ရက်နေ့တွင်ထုတ်ပြန် ထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ IPDF နှင့် ရည်ရွယ်ချက်တူသော မည်သည့်အဖွဲ့အစည်းများ နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပါရှိသည်။
ယခင်သုံးစွဲခဲ့သော ရှမ်းတောင် အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ( IPDF ) အား တပ်ရင်း ( ၁၀၀၉ ) ၏ တပ်ရင်းတပ်ဖွဲ့အဖြစ် လူမှုကွန်ရက်စာမျက်နှာ (Face book Page) တွင် အမည်ပြောင်းလဲသုံးစွဲသွားမည် ဖြစ်ပြီး ယခင် Inle People Defense Force Page အား တပ် ရင်း (၁၀၀၉) ၏ ထောက်ပို့ Page အဖြစ် ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည် ။
တပ်ရင်း၏ စစ်ရေးစစ်ရာနှင့်သက်ဆိုင်သော ကိစ္စရပ်များ ၊ တရားဝင်အသိပေးကြေညာချက်များကိုမူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဒေသ ( ၃ ) ၊ တပ်ရင်း ( ၁၀၀၉ ) အဖြစ် ( Facebook Page ) လူမှုကွန်ရက်စာမျက်နှာ အသစ်ဖွင့်ပြီး ပြည်သူများထံ အသိပေးတင်ပြပေးသွားမည်ဖြစ်ကြောင်း IPDF မှ ထုတ်ပြန်အသိပေးထားသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/