ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်း လေးဒေသတွင်း “ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့” မှ ဇန်နဝါရီလ၃၁ရက်နေ့ ကစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး ပြည်သူများအား Silent strike တွင်ပါဝင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည် ။
စစ်ကောင်စီအာဏာသိမ်းလိုက်သော၂နှစ်တာကာ လအတွင်းမြန်မာနိုင်ငံသည် မည်သည့်ကဏ္ဍမှ တိုး တက်လာခြင်းမရှိပဲ နိုင်ငံအတွင်းဆင်းရဲဒု က္ခများနှင့်ချွတ် ခြုံကျခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးခဲ့ရကြောင်း အင်းလေးအမျိုး သမီးသမဂ္ဂအဖွဲ့က ထုတ်ပြန် ထားသည် ။
ထို့ကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ကျရောက်သော နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် စစ်အာ ဏာရှင်ဆန့်ကျင်တိုက်ထုတ်ရေးအသံတိတ်သပိတ်တွင် အင်းလေးဒေသပြည်သူများ ပူးပေါင်းပါဝင်ကြရန် အင်းလေးအမျိုးသမီးသမဂ္ဂမှနိုးဆော်တိုက်တွန်းထားသည် ။