ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်ထဲက ကျေး ရွာ ၅ ရွာကို အင်းလေးအမျိုးသမီးသမဂ္ဂ အဖွဲ့(IWU) ကဇန်နဝါရီ ၁၈ရက်နေ့မှာလေကြောင်း ၊ လက်နက်ကြီး ၊ မိုင်း အန္တရာယ် ပညာပေးခြင်း နဲ့ပိုစတာကပ်တာတွေကို ဒေသခံတွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ် ။
“ အခုလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အခုက အားလုံးသိတဲ့အတိုင်းပေါ့နော နေရာတိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေကြတဲ့အတွက် ပြည်သူတွေ အတတ်နိုင်ဆုံး ဒီလက် နက်ကြီး၊ လေကြောင်း၊ မိုင်း အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်။ ဒီတိုက်ပွဲကာလမှာ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့အတွက် ကျွန်မတို့ ပြည်သူတွေထိခိုက်သေဆုံးခဲ့ရတာ မနည်းတော့ဘူး။ကျမတို့ ပြည်သူတွေကို ထပ်ပြီးမထိခိုက် စေချင်တော့ဘူး “ လို့ IWU အဖွဲ့မှ တာဝန်ခံ မကြိုးကြာ ကဒေသတွင်းမီဒီယာမှာပြောထားပါတယ် ။
IWU အနေနဲ့ ဒေသခံတွေကို ပညာပေးခြင်းနဲ့ လက်နက် ကြီးစထိမှန်ခဲ့တဲ့စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းတွေလည်း ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ညောင်ရွှေမြို့နယ် ၊ လွယ်နွဲ့ဘုရားတောင်ကျေးရွာက စစ်ရှောင်တွေ အများဆုံးနေထိုင်တဲ့ ဘုရားတောင် ပေါ်ကို စစ်ကောင်စီတပ် နဲ့ လက်အောက်ခံ PNA ပအိုဝ်းပြည်သူ့စစ်တို့ကလက်နက် ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပအိုဝ်းပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါပါတယ် ။
Photo – အင်းလေးအမျိုးသမီးသမဂ္ဂ(IWU) အဖွဲ့မှ ပြည်သူ လူထုများအား လေကြောင်း ၊ လက်နက်ကြီး ၊ မိုင်း အန္တရာယ် ပညာပေးဟောပြောခြင်းနှင့် ကျေးရွာများ၌ ပိုစတာကပ်ခြင်းများ ပြုလုပ်နေစဉ်