ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ပေါ်ခုံးကျေးရွာအုပ်စု ၊ ဆည်ခေါင်းကျေးရွာ၊ ဆည်ခေါင်းမူလတန်းကျောင်းတွင် စက်တင်ဘာလ ၁၉ရက်နေ့ ကကျောင်းသားနှစ်ဦးဓာတ်လိုက်သေဆုံးမှု့ဖြစ်ပွားခဲ့ကြောင်းသိရသည် ။
“ အချိန်ပိုခေါ်တဲ့ကျောင်းဆရာက ကျောင်းသားတွေကိုမကြည့်ဘူးလေ ၊ ကျောင်းသားတွေ ကျောင်းအစောကြီးသွားရတယ်အချိန်ပိုခေါ်လို့တဲ့ ကျောင်းရောက်တော့ အိမ်သာရေမရှိလို့ကျောင်းသား ၂ ယောက်က အုတ်ကန်မှာ ရေခတ်တဲ့အချိန်ဓါတ်လိုက်ပြီး ကန်ထဲကျသွားတာ၊ မီးကြိုးကလည်းပြတ်ကျနေတယ် အဲ့ဒီကနေဓါတ်လိုက်တာ” ဟုအင်းလေးဒေသခံတစ်ဦးကပြောသည်။
ယင်းသို့ဖြစ်ပွားစဥ် အချိန်ပို ခေါ်ယူသည့်ဆရာတစ်ဦးတည်းသာရှိနေပြီး ကျောင်းအုပ်ကြီးမှာ အိပ်ယာကမနိုးသေးပဲ အခြားဆရာမများမှာလည်း (ထိုနေ့က နန့်ပန်ဈေးနေ့ဖြစ်သဖြင့်) နန့်ပန်ဈေးသို့သွားနေစဉ် အတွင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောင်းဆရာတဦးက အချိန်ပိုခေါ်ထား၍ ကျောင်းသားများရောက်ရှိနေပြီး အိမ်သာရေမရှိသဖြင့် ကျောင်းသားနှစ်ဦးကရေခတ်နေချိန် အိမ်သာနှင့်ကျောင်းဆရာမအဆောင် သွယ်တန်းထားသောမီးကြိုး အဆက်ပြုတ် ကာ စတီးဝရန်တလက်ရမ်းတိုင်ပေါ်ပြုတ်ကျနေပြီးထိုမှတဆင့်ရေကန်သို့ လျှပ်စစ်ကူးနေရာ ကျောင်းသားငယ်များရေခတ်လိုက်စဉ်ဓါတ်လိုက်ပြီး ရေကန်ထဲပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများကလည်းဖော်ပြထားသည်။
သေဆုံးသွားသောကျောင်းသား နှစ်ဦးမှာ အသက် (၁၃ ) နှစ် G-5 တန်းနှင့် အသက် (၁၁) နှစ် G-4 တန်းတို့တွင်ပညာသင်ကြားနေသော ကျောင်းသားများဖြစ်ကြသည်။
Photo : အင်းပေါခုံ အထက ကျောင်းတစ်ကျောင်း