ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

အင်းလေးဖောင်တော်ဦး ဒေသစာရီကြွချီအပူဇော်ခံရန် စည်တော်ချအခမ်းအနားပြုလုပ်

အင်းလေးဖောင်တော်ဦး ဒေသစာရီကြွချီအပူဇော်ခံရန် စည်တော်ချအခမ်းအနားပြုလုပ်

Hsan Loi Editor
14/10/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၏ ရိုးရာဘုရားပွဲတော်တစ်ခုဖြစ်သော အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံခြင်း အခမ်းအနားကို သီတင်းကျွတ်လဆန်း (၁)ရက် (၁၅-၁၀-၂၀၂၃) ရက်နေ့မှစပြီး

သီတင်းကျွတ်လပြည့်ကျော် (၃)ရက် (၁-၁၁-၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

ထို့ကြောင့် ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဒေသစာရီကြွချီရာ၌ အသုံးတော်ခံမည့် စည်တော်ချအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

 

အင်းလေးဖောင်တော်ဦး ဒေသစာရီကြွချီအပူဇော်ခံခြင်းကို ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရပြီး ယခုနှစ်တွင်ပြန်လည်ကျင်းပခြင်းဖြစ်ကာ ရှေးအစဉ်အလာတိုင်း (၂၁) ဌာနသို့ အပူဇော်ခံကြွမည်ဖြစ်ကြောင်း သတင်းရရှိသည်။