ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
NUG ကာကွယ်ရေးဝန်ကြီးဌာ၊အလယ်ပိုင်းတိုင်းစစ်ဒေသ (၃)၊ အမှတ် P3_ 1009 တပ်ရင်းတစ်ခုဖြစ်သည့် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် သင်တန်းအပတ်စဥ် ၅ / ၂၀၂၃ သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ကပူးတွဲကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တစ်နှစ်တာအတောအတွင်း ၁၀၀၉ တပ်ရင်းမှ ရဲဘော်တို့၏ စွမ်းဆောင်ရည်ဆုများဖြစ်သော စည်းကမ်းကောင်းမွန်ဆု၊ ရဲဝံ့ စွန်းစားဆု၊ အမိန့်နာခံမှုဆုနှင့်အတူ လေတပ် CDM ရဲဘော်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သော နှစ်နှစ်ပြည့်ခုခံတွန်းလှန်စစ် ဂုဏ်ပြုသူရဲကောင်းမှတ်တမ်းနှင့်အတူ တပ်ရင်းမှ ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် သင်တန်းသားရဲဘော်များ၏ ကြိုးစားမှုအလိုက် သင်တန်းတလျှောက်အကောင်းဆုံးဆု၊ အမိန့်နာခံခံမှုဆု ၊ ဇွဲဆုများအပြင် လုပ်ဆောင်ချက်များအပေါ်အမှတ်ပေးစည်းမျဥ်းအလိုက် ဒိုက်ထိုး၊ ပလန့်ထောက်၊ ရေကူး၊ 45°ထောင်၊ ကြက်ဖခွပ်ဆုများအပြင် အားကစားပြိုင်ပွဲဆုများကို ချီးမြှင့်ခြင်းများပြုလုပ်ခဲ့ကြောင်း
သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ညီနောင်မဟာ မိတ်များ၏ တာဝန်ရှိသူအသီးသီးမှ အားပေးစကားပြောကြားခြင်း ၊ ဆုချီးမြှင့်ခြင်းများကိုလည်း ပူးပေါင်းအားဖြည့်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Photo # IPDF