ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသဆောင်နန်းခဲ
တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(IPDF) ရဲဘော်၂ဦးကျဆုံးခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည် ။
ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၊ဆောင်နန်းခဲတွင် ဒီဇင်ဘာလ၁၁ရက်နေ့ မနက်၈နာရီအချိန်တွင် စစ်ကောင် စီနှင့် အင်းလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ (IPDF) 1009 တပ်ရင်းအပါအဝင်၊1006၊KNDFနှင့်ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးယ်ရေးတပ်ပေါင်းစုများစွာပါဝင်ခဲ့ပြီး1009 တပ်ရင်း(IPDF)မှရဲ ဘော်၂ဦး၊1006တပ်ရင်းမှရဲဘော်၁ဦးနှင့် ဒဏ်ရာရသူ အချို့ရှိခဲ့သည်ဟု IPDF ကထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၃း၂၅ မိနစ်) အချိန်တွင် ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊ တောင်ပေါ်စခန်းကုန်းအမျိုးအစားဖြစ်သည့်စစ်ကောင်စီ တပ်၏ ပွိုင့်ကုန်းကို မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ မဟာမိတ်တော်လှန်ရေးအင်အားစုများက သိမ်း ပိုက် နိုင်ခဲ့ကြောင်း သိရသည် ။
မိုးဗြဲ-ဖယ်ခုံဇုန် ၁၁၁၁ စစ်ဆင်ရေးတွင် အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ (၁)၏ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁)၏ B-03၊ B-11နှင့် B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)၏ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်း တို့ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားချိန် မနက် ၈း၅၂ မိနစ်မှ ညနေ ၃း၂၅ မိနစ် အချိန်ထိဖြစ်ပွားခဲ့ကြောင်း သိရသည် ။
အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှု (၉၂) ကြိမ်၊ လေ ကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ချက် အရသိရသည် ။
မိုးဗြဲ ၁၁၁၁ (MB1111) စစ်ဆင်ရေး ကို မိုးဗြဲ-ဖယ်ခုံဇုန်မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများ စုစည်းကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့ကတည်း ကစတင်ခဲ့ပြီး မိုးဗြဲ-ဖယ်ခုံဒေသအတွင်းရှိစစ်ကောင် စီ ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ ထိုးစစ်ဆင်ရန် ကြိုးစားနေဆဲဖြစ် သည်ဟု ထုတ်ပြန် ထားသည် ။